မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေး ကြေညာခြင်း

 

မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေး ကြေညာခြင်း

 

၁။      ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC-1  တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ တက်ရောက်မည့် သတင်းမီဒီယာသမား ဦးရေနှင့်  အခမ်းအနားကျင်းပမည့် နေရာကန့်သတ်ချက်ပေါ် မူတည်၍ A Zone ? B Zone ခွဲခြား သတ်မှတ်ကာ သတင်းရယူ စေမည်ဖြစ်ပါသည်။ သို့ပါ၍ အခမ်းအနား တက်ရောက်သတင်းရယူလိုသော လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ရယူထားသည့် မီဒီယာများအနေဖြင့် သတင်းမီဒီယာဌာန တစ်ခုလျှင် သတင်းမီဒီယာသမား (၂)ဦးနှုန်းဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ ရာထူးတာဝန်၊ သတင်းဌာန စသည့်သတ်မှတ် လျှောက်လွှာပုံစံပါ အချက်အလက်များကို ဖြည့်စွက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ (နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ၂၇-၁-၂၀၂၄ ရက်နေ့အရောက် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန