၂၀၂၃ ခုနှစ်အတွက် ဥရောပ တစ်နှစ်တာ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် အင်္ဂလန်အသင်းမှ ကစားသမားသုံးဦး အထိပါဝင်လာ

 

၂၀၂၃ ခုနှစ်အတွက် ဥရောပ တစ်နှစ်တာ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် အင်္ဂလန်အသင်းမှ ကစားသမားသုံးဦး အထိပါဝင်လာ

 

    ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အခြေစိုက် နိုင်ငံတကာ ဘောလုံးအဖွဲ့ သမိုင်းနှင့် အချက်အလက်ဆိုင်ရာ အဖွဲ့အစည်း (IFFHS) က ၂၀၂၃ ခုနှစ်အတွက် ဥရောပ တစ်နှစ်တာ နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁   ဦးစာရင်းကို  ထုတ်ပြန်ကြေညာခဲ့ရာ  အင်္ဂလန် အသင်းမှ  အများဆုံးအဖြစ်  ကစားသမား သုံးဦးအထိ ပါဝင်လာသည်။

၂၀၂၃ ခုနှစ်အတွက်  IFFHS  ဥရောပတစ်နှစ်တာ နေရာအလိုက် အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်း တွင် အင်္ဂလန်အသင်းမှ  ကစားသမားအများစုပါဝင် လာသော်လည်း    ကလပ်အသင်းများမှ ပါဝင်မှုတွင် ၂၀၂၃  ခုနှစ်က ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေ ဖလား၊   ချန်ပီယံလိဂ်ဖလား၊  ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တို့ကိုဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီး အသင်းမှ  ဥရောပ  ကစားသမားငါးဦးအထိ ပါဝင်လာ ခြင်းဖြစ်သည်။

IFFHS က ၂၀၂၃ ခုနှစ်အတွက်  IFFHS  ဥရောပ တစ်နှစ်တာ  နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ၃-၄-၃ ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ဂိုးသမား နေရာ၌ ဘယ်လ်ဂျီယံနှင့် ရီးယဲလ်မက်ဒရစ် အသင်းမှ ကော့တွိုက်စ်၊    ခံစစ်ကစားသမား သုံးဦးနေရာ၌ သြစတြီးယားနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဒေးဗစ် အလာဘာ၊ ပေါ်တူဂီနှင့် မန်စီးတီး အသင်းမှ  ရူဘင် ဒီယက်ဇ်၊ အင်္ဂလန်နှင့် လီဗာပူးအသင်းမှ ထရန့်အာနိုး တို့ ပါဝင်လာသည်။

အလားတူ ကွင်းလယ် ကစားသမား လေးဦးနေရာ၌   ပေါ်တူဂီနှင့်   မန်စီးတီးအသင်းမှ   ဆေးလ်ဗား၊ အင်္ဂလန်နှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်၊ ဘယ်လ်ဂျီယံနှင့် မန်စီးတီးအသင်းမှ ဒီဘရိုင်း၊ စပိန်နှင့် မန်စီးတီးအသင်းမှ ရိုဒရီ၊ တိုက်စစ် ကစားသမားနေရာ ၌   ပြင်သစ်နှင့်  ပီအက်စ်ဂျီအသင်းမှ  အမ်ဘတ်ပီ၊ နော်ဝေနှင့်မန်စီးတီး အသင်းမှ ဟာလန်း၊ အင်္ဂလန်နှင့် ဘိုင်ယန်မြူးနစ် အသင်းမှ ဟယ်ရီကိန်းတို့ ပါဝင်လာ ကြောင်း သိရသည်။