နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကြက်တောင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

 

နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကြက်တောင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၄

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့်   သက်ဆိုင်ရာ အားကစားနည်းအလိုက် သတ်မှတ်ထားသည့် ကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ယနေ့ Indoor Stadium (C) ရုံတွင် ကြက်တောင်ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး  ဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့်  ပြိုင်ပွဲဝင် အားကစားသမားများ   ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး တစ်ဦးချင်း တတိယဆုကို တောင်ကြီးဇုန်၊ ဒုတိယဆုကို    ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို ကျိုင်းတုံဇုန်တို့က  ရရှိကြရာ ဆုများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက်  တတိယဆုကို   တောင်ကြီးဇုန်၊ ဒုတိယဆုကို     ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို ကျိုင်းတုံဇုန်တို့က ရရှိကြရာ ဆုများကို အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း တတိယဆုကို ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို တောင်ကြီးဇုန်တို့က ရရှိကြရာ ဆုများကို ဒုတိယဝန်ကြီးက လည်းကောင်း၊  အမျိုးသားအသင်းလိုက် တတိယဆုကို ကျိုးင်းတုံဇုန်၊ ဒုတိယဆုကို မကွေးဇုန်နှင့် ပထမဆုကို ရန်ကုန်အနောက်ပိုင်း ဇုန်တို့က  ရရှိကြရာ ဆုများကို   ပြည်ထောင်စုဝန်ကြီးက လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ကြက်တောင်ပြိုင်ပွဲဝင်  အားကစားမောင်မယ်များနှင့် နည်းပြများကို  ရင်းရင်းနှီးနှီး  နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။