ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူးဟာလန်း အသင်းနှင့်ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီး စပါးအသင်းနှင့် ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိ

 

ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူးဟာလန်း အသင်းနှင့်ပြန်လည် ပူးပေါင်းကာ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီး စပါးအသင်းနှင့် ပွဲစဉ်တွင် ပါဝင်လာဖွယ်ရှိ

 

    ခြေဖမိုးဒဏ်ရာကြောင့်     အနားယူနေရသည့် မန်စီးတီးအသင်း  အဓိကတိုက်စစ်မှူး ဟာလန်းသည် ဒဏ်ရာမှ   သက်သာလာသည့်အတွက်   အသင်းနှင့် ပြန်လည်ပူးပေါင်းကာ  လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီး စပါးအသင်းနှင့် ပွဲစဉ်တွင်  ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင်    မန်စီးတီးအသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် ဟာလန်း သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ  ၇ ရက်က ကစားသည့် မန်စီးတီးအသင်းနှင့် အက်စ်တွန်ဗီလာ အသင်းတို့ပွဲစဉ်တွင် ခြေဖမိုး  ဒဏ်ရာရရှိပြီးနောက် အနားယူခဲ့ရခြင်းဖြစ်သည်။

ဟာလန်းသည် ခြေဖမိုးဒဏ်ရာကြောင့် မန်စီးတီး အသင်းနှင့်အတူ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပါအဝင် စုစုပေါင်း ပြိုင်ပွဲစုံ ကိုးပွဲအထိ လွဲချော်ခဲ့ရသော်လည်း လက်ရှိတွင်   ဒဏ်ရာမှ   ပြန်လည်သက်သာလာသောကြောင့်    အသင်းနှင့် ပူးပေါင်းကာ   အသင်းလိုက် လေ့ကျင့်မှုများ ပြုလုပ်နိုင်ခဲ့သည့်အတွက် စပါးအသင်းနှင့် ပွဲစဉ်တွင် စတင်ပြီး ပါဝင်လာဖွယ်ရှိသည်။

ဟာလန်းသည် ခြေဖမိုးဒဏ်ရာကြောင့် လနှင့်ချီပြီး အနားယူခဲ့ရသော်လည်း  ယခုဘောလုံးရာသီ  ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ၁၅ ပွဲကစားခဲ့ပြီး ၁၄ ဂိုးအထိ သွင်းယူနိုင်ကာ   လီဗာပူးအသင်းမှ   တိုက်စစ်မှူး ဆာလက်ချ်နှင့်အတူ  သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှပူးတွဲ ဦးဆောင်လျက် ရှိကြောင်း  သိရသည်။