လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၅ ရက်

          ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့မဈေးကြီး အပါအဝင် နေအိမ ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းတု၊ သတင်းအမှားများ ကို အကြမ်းဖက် အားပေးမီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

လွိုင်ကော်မြို့တွင် နယ်မြေတည် ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူ များနေထိုင်ရာ အဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ဆုတ်ခွာ ထွက်ပြေးရာ တွင်လည်း နေအိမ်များကို မီးရှို့ခဲ့ခြင်း၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ် ဗုံးသီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် နေအိမ်အဆောက်အဦများနှင့် လွိုင်ကော်မြို့မဈေးကြီး မီးလောင်းပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပြီး ပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက နေ့စဉ်နှင့်အမျှ လူမှုကွန် ရက်များတွင် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။