ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

 

ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆို

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၇ ရက်

          လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက် အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

          ထိုသို့ လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး တို့အတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွတ်စွန့်စား သည့်စိတ်ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကိုလည်း ထမ်းဆောင်လျက် ရှိသည်။

          ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေပြီး လုံခြုံရေး တာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကန့်ဘလူမြို့၌ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော်များက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံ အားပေးလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးရရှိအောင် အကြမ်းဖက် ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation)ကို ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict) ပြဋ္ဌန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE) အတိုင်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။