၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စု ပတ်လည်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စု ပတ်လည်ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၉

    ဘတ်စကက်ဘော အားကစားသမားများ အချင်းချင်း  ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍   နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

ယနေ့ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (၅x၅)ပြိုင်ပွဲနှင့် (၃x၃)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ (ယနေ့)နံနက် ၈ နာရီမှစတင်၍ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)  (၅x၅)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့်  မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။