လက်ရှိဘောလုံးလောကတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး စီရော်နယ်ဒို ထိပ်ဆုံး၌ ရပ်တည်နေ

 

လက်ရှိဘောလုံးလောကတွင် လုပ်ခလစာအများဆုံး ကစားသမားအဖြစ် မက်ဆီကို ကျော်ဖြတ်ပြီး စီရော်နယ်ဒို ထိပ်ဆုံး၌ ရပ်တည်နေ

 

    လက်ရှိဘောလုံးလောက၌  လုပ်ခလစာအများဆုံး ကစားသမား စာရင်းတွင်    အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုသည် အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူး မက်ဆီကိုကျော်ဖြတ်ပြီး ထိပ်ဆုံး ၌ ရပ်တည်နေကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင်     အယ်နာဆာအသင်း နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့်  တိုက်စစ်မှူး  စီရော်နယ်ဒိုသည် လက်ရှိ  အယ်နာဆာအသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင်  ၃ ဒသမ ၈ သန်းနှင့် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် ၂၀၄ ဒသမ ၉ သန်းအထိရရှိနေသည့်အတွက် လုပ်ခလစာ အများဆုံး ကစားသမားစာရင်းတွင် မက်ဆီကိုကျော် ဖြတ်ပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘောလုံးလောက၏  လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင်   အင်တာမိုင်ယာမီ အသင်းတိုက်စစ်မှူးမက်ဆီသည် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင်  ၁၀၆  ဒသမ ၄ သန်းဖြင့်  ဒုတိယ နေရာ၌သာ ရပ်တည်နေခြင်းဖြစ်သည်။

လက်ရှိဘောလုံးလောက၏  လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ နောက်၌ အယ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာ က တစ်နှစ်လုပ်ခလစာ စတာလင်ပေါင်  ၈၈ ဒသမ ၂ သန်းဖြင့် အဆင့်(၃)၊ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီက စတာလင်ပေါင် ၈၆ ဒသမ ၇ သန်းဖြင့် အဆင့်(၄)၊ အယ်အီတီဟက်အသင်းမှ ဘင်ဇီမာက စတာလင်ပေါင် ၈၃ ဒသမ ၅ သန်းဖြင့်  အဆင့်(၅)၊  မန်စီးတီးအသင်းမှ  ဟာလန်းက  စတာလင်ပေါင်  ၄၅ ဒသမ ၇ သန်းဖြင့် အဆင့်(၆)၊ လီဗာပူးအသင်း မှ ဆာလက်ချ်က စတာလင်ပေါင် ၄၁ ဒသမ ၇ သန်းဖြင့် အဆင့်(၇)၊ အယ်နာဆာအသင်းမှ မာနေး က စတာလင်ပေါင် ၄၀ ဒသမ ၉ သန်းဖြင့် အဆင့် (၈)၊ မန်စီးတီးအသင်းမှ ဒီဘရိုင်းက စတာလင်ပေါင်  ၃၀ ဒသမ ၇ သန်းဖြင့် အဆင့်(၉)နှင့် ဘိုင်ယန်မြူးနစ် အသင်းမှ ဟယ်ရီကိန်းက စတာလင်ပေါင် ၂၈ ဒသမ ၃ သန်းဖြင့် အဆင့်(၁၀) နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။