သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)မှ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့သို့ သွားရောက်လေ့လာ

 

သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)မှ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့သို့ သွားရောက်လေ့လာ

 

နေပြည်တော်  ဇန်နဝါရီ  ၃၀

    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း) ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့သို့ သွားရောက်လေ့လာ ခဲ့ကြသည်။

ကျောင်းသား၊  ကျောင်းသူများသည် အမျိုးသားပြတိုက်နှင့် အမျိုးသား စာကြည့်တိုက်တို့သို့  ရောက်ရှိကြပြီး  အမျိုးသား ပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားမှုများ၊ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာကြရာ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်တို့မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါလေ့လာရေးအဖွဲ့တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်(ရေဆင်း)မှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ ၄၀ ပါဝင်ကြောင်း သိရသည်။