အက်ဖ်အေဖလား ပြိုင်ပွဲတွင် ၁၉၉၆ ခုနှစ်နောက်ပိုင်း အောက်တန်းလိဂ် အသင်းများအား နှစ်ဂိုးပေးခဲ့ရသည့် မှတ်တမ်းဆိုးကို မန်ယူအသင်း ပြန်လည်ရရှိ

 

အက်ဖ်အေဖလား ပြိုင်ပွဲတွင် ၁၉၉၆ ခုနှစ်နောက်ပိုင်း အောက်တန်းလိဂ် အသင်းများအား နှစ်ဂိုးပေးခဲ့ရသည့် မှတ်တမ်းဆိုးကို မန်ယူအသင်း ပြန်လည်ရရှိ

 

    အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့် ပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် နယူးပေါ့အသင်းတို့ ကစားသည့်ပွဲစဉ်တွင်   မန်ယူအသင်းက  နယူးပေါ့အသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မှတ်တမ်းဆိုး တစ်ရပ်ကို ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် မန်ယူအသင်းက ပွဲချိန်ခုနစ်မိနစ်တွင် သွင်းယူသည့် ဖာနန်ဒက်စ်၏ သွင်းဂိုးနှင့် ပွဲချိန် ၁၃ မိနစ်တွင် သွင်းယူသည့် ကိုဘီမိုင်နူး၏ သွင်းဂိုးတို့ဖြင့် နယူးပေါ့အသင်းကို ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၃၆ မိနစ်တွင် မောရစ်က  နယူးပေါ့အသင်းအတွက်    ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်သောကြောင့် ပထမပိုင်းတွင် မန်ယူအသင်းက ၂ဂိုး-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

သို့သော် ပွဲချိန် ၄၇ မိနစ်တွင် အီဗန်က နယူးပေါ့ အသင်းအတွက်   ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် အန်တိုနီနှင့် ပွဲချိန် ၉၄ မိနစ်တွင်   ဟိုက်လန်းတို့က  မန်ယူအသင်းအတွက် ဦးဆောင်ဂိုးများ ထပ်မံသွင်းယူနိုင်သောကြောင့်  ပွဲအပြီးတွင် မန်ယူအသင်းက ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

မန်ယူအသင်းသည် နယူးပေါ့အသင်းကို အနိုင်ရရှိခဲ့ကာ    ပဉ္စမအဆင့်သို့တက်ရောက်နိုင်ပြီးနောက် နောက်ဆုံးဘောလုံးရာသီ ၁၀ ခုတွင် ကိုးကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် အသင်းသမိုင်းတစ်လျှောက် အက်ဖ်အေဖလား ပြိုင်ပွဲတွင် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလက ကစားခဲ့သည့် ပထမတန်း ကလပ်အသင်းဖြစ်သော  ဆန်းဒါးလန်းအသင်းနှင့် ပွဲစဉ်တွင်   နှစ်ဂိုးပေးခဲ့ရပြီးနောက်ပိုင်း အောက်တန်းအသင်းများအား တစ်ကြိမ်မှ  နှစ်ဂိုးပေးခဲ့ရခြင်း မရှိဘဲ  ယခုအခါမှသာ နယူးပေါ့အသင်းကို    နှစ်ဂိုးပေးခဲ့ရသည့် အတွက် မှတ်တမ်းဆိုး တစ်ရပ်ကို ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။