ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်

၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

    ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁  ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။