မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
နေပြည်တော် ဇန်နဝါရီ ၃၁
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်(စနေနေ့) ည ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC(1)၌ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပ သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့ညနေ ၄ နာရီခွဲမှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD Channel ၊ MRTV Farmers' Channel ၊MRTV Sports Channel ၊ MRTV Parliament Channel နှင့် MWD-HD Channel? MWD Variety-HD Channel ၊ Channel Light Channel ၊MWD Education, Knowledge & Sports Channel ၊ Golden Land Channel ၊ WAF Channel ၊ TVMChannel တို့အပြင် Channel-7 ၊ Readers' Channel ၊ 5-Plus? Channel-9 ၊ MNTV ၊ Myanmar Movies ၊Myanmar Arts Channe ၊ Fortune Channel? Channel K ၊ M Entertain-ment Channel နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ၊ မန္တလေး FM၊ ၊ ပဉ္စဝတီ FM၊ ၊ ရွှေ FM၊ ၊ FM ပုဂံ၊ Star FM၊ သဇင် FM တို့အပြင် MOI Website ၊ MOI Youtube ၊ MRTV Website၊ MRTV App: အပါအဝင် Online Media တို့မှလည်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။