၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်

 

နေပြည်တော် ဖေဖော်ဝါရီ ၁

    ၂၀၂၃ ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-I) ၌  ယခင်နှစ်များနှင့်မတူ ခမ်းနားထည်ဝါစွာ ကျင်းပသွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်း ဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ  ရုပ်ရှင်အစည်းအရုံးနှင့် fh Forever Group တို့ပူးပေါင်း၍ အကယ်ဒမီဆုပေးပွဲစင်မြင့်အား   ဃကမလန ူနီ များအသုံးပြု၍လည်းကောင်း၊ အကယ်ဒမီရွှေစင်ရုပ်တုများကို ခမ်းနားထည်ဝါစွာ ဖော်ကျူး၍ လည်းကောင်း၊   နိုင်ငံတကာ အဆင့်မီ မီးအလင်းအမှောင် စနစ်များ၊ အသံစနစ်များဖြင့် လည်းကောင်း၊ ခမ်းနားထည်ဝါစွာ ပြင်ဆင်ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံဂီတ အစည်းအရုံးမှ စီစဉ်ဆောင်ရွက်သည့် The Drive Band နှင့် နိုင်ငံကျော် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊  နိုင်ငံကျော် အနုပညာရှင်များ၊ အကယ်ဒမီရွှေကြိုများ၏ ကဏ္ဍအလိုက် တင်ဆက်မည့် အစီအစဉ်များကို   ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကယ်ဒမီဆုပေးပွဲသို့ တက်ရောက်လာကြမည့် နိုင်ငံကျော် အနုပညာရှင်များအား ကြိုဆို၍    မီဒီယာအသီးသီးမှ အင်တာဗျူး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်နိုင်ရန် အတွက်   ဂုဏ်ပြုခံ လျှောက်လမ်း Red Carpet) နှင့်  Photo Booth နေရာများ၊ ရုပ်မြင်သံကြားလိုင်းများ၏ အင်တာဗျူး Booth   များကိုလည်း အစီအစဉ်တကျ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ချီးမြှင့်မှုအပြင် အကောင်းဆုံး ဝတ်စားဆင်ယင်မှု (Fashion Award)များကိုလည်း  ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ပြီး နိုင်ငံကျော် အနုပညာရှင်များ အခမ်းအနား တက်ရောက်လာမှုများကို နိုင်ငံတကာ ဆုပေးပွဲများနည်းတူ Rail Camera နှင့် Crane Camera များအပါအဝင် ကင်မရာ ၁၁ လုံးကို အသုံးပြု၍ အကယ်ဒမီရင်ခုန်သံ အင်တာဗျူးများနှင့် အကောင်းဆုံးဝတ်စား ဆင်ယင်မှု (Fashion Award) ဆုအတွက် ပြင်ဆင်လာမှုများကို ရိုက်ကူးပြသသွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet  )တစ်လျှောက်တွင် ရုပ်ရှင်တစ်သက် တာဆုရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၁၉၅၂-၂၀၂၂ ခုနှစ်အထိ ရုပ်ရှင်ဇာတ်ကားဆုများ၏ မှတ်တမ်းဓာတ်ပုံများ၊  ၁၉၅၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်အလိုက် ရုပ်ရှင်ထူးချွန်ဆုရဇာတ်ကားနှင့် ထူးချွန်ဆုရအနုပညာရှင် အတတ်ပညာရှင်များ၏ မှတ်တမ်းဓာတ်ပုံများ၊  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အများဆုံးရရှိသူများ၏ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ဇာတ်ကားများ စာရင်း စသည်တို့ဖြင့်   ပြင်ဆင်ဆောင်ရွက် ထားရှိပြီး အနုပညာရှင်များ၏ ပွဲတက်လာမှုများကို    မီးအလင်းအမှောင်များ ပေး၍ ရိုက်ကူးပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိသည်။

အခမ်းအနားကျင်းပသည့် ကျောက်စိမ်းခန်းမ အတွင်းတွင် Curve LED    ၏ ခမ်းနား ထည်ဝါမှုနှင့်အတူ အကယ်ဒမီဆုရ အကောင်းဆုံးပြကွက်များကို ပြည့်ဝစွာ ခံစားနားဆင် နိုင်ရန်အတွက်  ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ယင်းသို့တင်ဆက် ပြသမှုများကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကြည့်ရှုခံစားနိုင်စေရန် အတွက် AR Camera ၊ Crane Camera နှင့် PTZ Camera များ အပါအဝင် ကင်မရာ ၁၁ လုံးအသုံးပြု၍ ရိုက်ကူးထုတ်လွှင့်ပေး သွားမည်ဖြစ်သည်။

ယခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ    ဆန်ခါတင်စာရင်းဝင် ရုပ်ရှင် ဇာတ်ကား ၁၂ ကား ရွေးချယ်ထားရှိပြီး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု အပါအဝင်  အနုပညာထူးချွန်ဆုနှင့်    အတတ်ပညာထူးချွန်ဆု ၁၁ ဆုတို့ကို  ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း     သိရှိရသည်။