အာရှဖလားပြိုင်ပွဲ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များပြီးဆုံးပြီး နောက်ဆုံးပွဲစဉ်တွင် အီရန်အသင်းက ဆီးရီးယား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိ

 

အာရှဖလားပြိုင်ပွဲ (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ်များပြီးဆုံးပြီး နောက်ဆုံးပွဲစဉ်တွင် အီရန်အသင်းက ဆီးရီးယား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိ

 

    ကာတာနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့်  အာရှဖလားပြိုင်ပွဲ (၁၆)သင်းရှုံးထွက် အဆင့်ပွဲစဉ်များ ပြီးဆုံးပြီး နောက်ဆုံးပွဲစဉ်တွင် အီရန်အသင်းက  ဆီးရီးယားအသင်းကို  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အီရန်အသင်းနှင့် ဆီးရီးယားအသင်းတို့   ကစားခဲ့ သည့်ပွဲစဉ်တွင် ပွဲချိန် မိနစ် ၉၀ အထိ တစ်ဂိုးစီဖြင့်    သရေရလဒ် ထွက်ပေါ်နေသည့်အတွက် အချိန်ပိုမိနစ် ၃၀ ဆက်လက်ကစားရာတွင်လည်း   နှစ်သင်းစလုံး    ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရသည်။

ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင်   အီရန်အသင်းက    ငါးကြိမ်စလုံးကို    အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သော်လည်း    ဆီးရီးယားအသင်းက တစ်ကြိမ် လွဲချော်ခဲ့သည့်အတွက်   အီရန်အသင်းက ဆီးရီးယားအသင်းကို ၅ ဂိုး-၄ ဂိုးဖြင့်  အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခြင်း ဖြစ်သည်။

အာရှဖလားပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့် ပွဲစဉ်များအပြီးတွင်  ကွာတားဖိုင်နယ်အဆင့်သို့  လက်ရှိ ချန်ပီယံ  ကာတာ အသင်းနှင့်အတူ  တာဂျစ်ကစ္စတန် အသင်း၊  ဥဇဘတ်ကစ္စတန် အသင်း၊  ဂျပန်အသင်း၊ အီရန်အသင်း၊ တောင်ကိုရီးယား အသင်း၊  သြစတြေး လျအသင်း၊ ဂျော်ဒန် အသင်းတို့ တက်ရောက်နိုင်ခဲ့ကြ သည်။

ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များအဖြစ် ဥဇဘတ် ကစ္စတန်အသင်းနှင့် ဂျော်ဒန်အသင်း၊ သြစတြေးလျ အသင်းနှင့် တောင်ကိုရီးယားအသင်း၊ အီရန်အသင်း နှင့်   ဂျပန်အသင်း၊  ကာတာအသင်းနှင့်  ဥဇဘတ် ကစ္စတန်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြပြီး ကွာတားဖိုင်နယ်ပွဲစဉ်များကို ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်တို့တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များ မစတင်မီ  ဂျပန်အသင်း က ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ထိပ်ဆုံး၌ ရေပန်းစားလျက် ရှိကြောင်း သိရသည်။