အဲဗာတန်အသင်းနှင့် မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင် အနားယူကြောင်း ကြေညာ

 

အဲဗာတန်အသင်းနှင့် မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ဖယ်လိုင်နီ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင် အနားယူကြောင်း ကြေညာ

 

    အဲဗာတန်အသင်းနှင့်  မန်ယူအသင်းကွင်းလယ် ကစားသမားဟောင်း ဖယ်လိုင်နီသည်  ပရော်ဖက်ရှင် နယ်ကစားသမားဘဝမှ  အပြီးတိုင် အနားယူကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၃၆ နှစ်အရွယ် ဖယ်လိုင်နီသည် ပရော် ဖက်ရှင်နယ် ကစားသမားဘဝကို  ၂၀၀၆  ခုနှစ်က ဘယ်လ်ဂျီယံကလပ် စတန်းဒက်လီဂီ အသင်းနှင့်စတင် ပြီးနောက်  ၂၀၀၈  ခုနှစ်က  အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

ဖယ်လိုင်နီသည် အဲဗာတန်အသင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ပြီးနောက်   ၂၀၁၃   ခုနှစ်က မန်ယူအသင်းသို့ စတင်ပြောင်းရွှေ့ကစားခဲ့ကာ မန်ယူ အသင်းတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ကစားပြီး အသင်းနှင့်အတူ  ပြိုင်ပွဲစုံ ၁၇၇ ပွဲအထိ  ပါဝင် ကစားခွင့်ရရှိကာ  ၂၂  ဂိုးအထိ  သွင်းယူနိုင်ခဲ့သူဖြစ်သည်။

ထို့နောက် ဖယ်လိုင်နီသည် ၂၀၁၉ ခုနှစ် ဖေဖော် ဝါရီလက  မန်ယူအသင်းမှ  တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက်   ရှန် ဒေါင်းအသင်းတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖယ်လိုင်နီသည်  ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလား၊ ကာရာဘောင်းဖလား၊ ကွန်မြူနတီဒိုင်း၊ တရုတ်စူပါလိဂ်ဖလား၊ တရုတ်အက်ဖ်အေဖလားတို့ကို    ဆွတ်ခူးနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံအသင်းနှင့်လည်း ကမ္ဘာ့ဖလားတတိယ ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။