တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၅

    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ    ဖေဖော်ဝါရီလ  ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်  ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌     တရားမဝင် အခြားသစ် (၂ ဒသမ ၁၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၃၄၀) ကိုလည်းကောင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ တရားမဝင် အခြားသစ် (၄၇ ဒသမ ၂၇၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်    ၃၃၀၉၂၇၈)ကိုလည်းကောင်း၊    မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ် (၄ ဒသမ ၂၄၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၀၅၂)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၇၅၇၆၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီလ  ၃  ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌    တရားမဝင် ကျွန်းသစ်(၉ ဒသမ ၀၀၄)တန်နှင့် သစ်မာ(၁၀ ဒသမ ၂၄၀)တန်     (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၆၂၇၇၂)ကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၄  ရက်တွင် ပဲခူးခရိုင်  အတွင်း၌ တရားမဝင်   ကျွန်းသစ်(သုည ဒသမ ၄၁၄)တန်၊   အခြားသစ်(၂ ဒသမ ၄၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၅၆၆၄)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၈၄၃၆)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်တို့တွင်  အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ   သွင်းကုန်ကြေညာလွှာတွင်     ကြေညာထားခြင်း မရှိသည့် Satellite Plaslonရေချိုးစီးဖိနပ် (၃၀၀၀)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)၊ အဆိုပါ ပစ္စည်းများ  တင်ဆောင်လာသည့် Mitsubishi  Fuso  Tractor  Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကို လည်းကောင်း၊ မော်လမြိုင်မြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    Smart  အမွှေးဆီ  ကီလိုဂရမ် (၈၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Isuzu Van (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ  ၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၌ တရားမဝင်  အခြားသစ် (၁၈ ဒသမ ၁၇၀)တန်၊ သစ်စက်အင်ဂျင် (၂)လုံးနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၃၉၄၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   မြစ်ကြီးနားမြို့၊ လွယ်ခေါကျေးရွာနှင့် ပြည်ထောင်ကျေးရွာအနီး၌ မော်တော်ယာဉ် (၅) စီးပေါ်မှ တရားဝင်   စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ်နိုက်ထရိတ် (၂၅၀၂၅)  ကီလိုဂရမ်နှင့် လက်ကိုင်ဖုန်း (၁၀)လုံး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Forland Truck (၃)စီး၊ Dong Feng Truck (၁)စီးနှင့်  Sino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၆၅၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၂ ရက်၊ ၃ ရက်၊  ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၆၅၁၅၅၀၄၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု   တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။