မန်ယူအသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ လေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟိုက်လန်းမှတ်တမ်းဝင်

 

မန်ယူအသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ လေးပွဲဆက် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် တိုက်စစ်မှူး ဟိုက်လန်းမှတ်တမ်းဝင်

 

    မန်ယူအသင်းလူငယ်တိုက်စစ်မှူး  ဟိုက်လန်းသည် မန်ယူအသင်း သမိုင်းတစ်လျှောက်   ပြိုင်ပွဲစုံ  လေးပွဲဆက်ဂိုးသွင်းယူနိုင်သည့်   အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ်ကစားသည့် မန်ယူ အသင်းက    ဝက်စ်ဟမ်းအသင်းကို   ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲစဉ်၌  ဟိုက်လန်းသည် ပွဲချိန် ၂၃ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက်  စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို      ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသည့် ဟိုက်လန်းသည်  ပြီးခဲ့သည့် မန်ယူအသင်းက  ဝုဗ်အသင်းကို ၄  ဂိုး- ၃ ဂိုးဖြင့်    အနိုင်ရရှိသော ပွဲစဉ်တွင်လည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် စီရော်နယ်ဒိုနောက်ပိုင်း   ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲဆက်ကိုယ်တိုင် ဂိုးသွင်းယူနိုင်သကဲ့သို့ ဂိုးဖန်တီးမှုပြုလုပ်နိုင်သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသူဖြစ်သည်။

ဟိုက်လန်းသည်   ရာသီအစပိုင်းက  အသင်းနှင့် အတူ   သွင်းဂိုးများ ရရှိရန်   ရုန်းကန်ခဲ့ရသော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ  ပြိုင်ပွဲစုံလေးပွဲဆက် ဂိုးသွင်းယူနိုင်သည့်အပြင်  နောက်ဆုံးကစားသည့်  ပြိုင်ပွဲစုံခြောက်ပွဲတွင် သွင်းဂိုးငါးဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြလျက် ရှိကြောင်း သိရသည်။