ဘိုင်ယန်မြူးနစ် အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် ဘောလုံးရာသီတွင် သွင်းဂိုးအများဆုံး ကစားသမားစာရင်း၌ လူကာတိုနီ၏စံချိန်ကို ဟယ်ရီကိန်း လိုက်မီ

 

ဘိုင်ယန်မြူးနစ် အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် ဘောလုံးရာသီတွင် သွင်းဂိုးအများဆုံး ကစားသမားစာရင်း၌ လူကာတိုနီ၏စံချိန်ကို ဟယ်ရီကိန်း လိုက်မီ

 

    ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၀)အဖြစ် ကစားသည့် ဘိုင်ယန်မြူးနစ်အသင်းက   ဂလာဘတ်အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသော ပွဲစဉ်တွင် ဟယ်ရီကိန်းက အသင်းအတွက်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက်   ဘိုင်ယန်မြူးနစ်အသင်း သမိုင်းတစ်လျှောက် ပွဲဦးထွက် ဘောလုံးရာသီတွင် သွင်းဂိုးအများဆုံး ကစားသမားစာရင်း၌ လူကာတိုနီ၏ စံချိန်ကို ဟယ်ရီကိန်းက လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌ ဟယ်ရီကိန်းက  ပွဲချိန် မိနစ် ၇၀ တွင် အသင်းအတွက်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီး နောက် အသင်းနှင့်  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် သွင်းဂိုး ၂၄ ဂိုးအထိရှိလာပြီး လူကာတိုနီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသမိုင်း တစ်လျှောက် ၂၀၀၇- ၂၀၀၈ ဘောလုံးရာသီက လူကာတိုနီသည် ဖီအိုရင်တီး နားအသင်းမှ   ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်ပထမဆုံး ဘောလုံးရာသီတွင် သွင်းဂိုး ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲဦးထွက်ဘောလုံးရာသီတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခြင်းကို    ယခုအခါ ဟယ်ရီကိန်းက ပွဲစဉ် (၂၀) ကစားအပြီးတွင်ပင် လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင်    ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲသမိုင်းတစ် လျှောက် ပွဲဦးထွက် ဘောလုံးရာသီတွင် သွင်းဂိုးအများဆုံး ကစားသမားစာရင်း၌   ဟမ်းဘက်အသင်းကစားသမားဟောင်း   အူဝီဆီလာက  သွင်းဂိုး  ၃၀ ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ၎င်း၏နောက်၌ ဟယ်ရီကိန်း က ၂၄ ဂိုး၊ လူကာတိုနီကလည်း ၂၄ ဂိုးတို့ဖြင့် ရပ်တည် လျက်ရှိကာ  ဟယ်ရီကိန်းအနေဖြင့်  အူဝီဆီလာ၏ စံချိန်ကိုပါ လိုက်မီနိုင်ဖွယ်ရှိနေသည်။

အလားတူ ဟယ်ရီကိန်းသည် ယခုဘောလုံးရာသီတွင်  ၁၄  ပွဲကစားရန် ကျန်ရှိနေသေးသည့်အတွက်  တစ်ရာသီသွင်းဂိုး အများဆုံး ကစားသမားအဖြစ်  ရပ်တည်နေသော လီဝန်ဒေါစကီး၏ စံချိန်ကိုပါ  လိုက်မီနိုင်ရန် အခွင့်အရေးများ ရှိနေကြောင်း သိရသည်။