မော်တော်ယာဉ်တစ်စီး လမ်းဘေးတွင် ကာရံထားသည့် အလူမီနီယံတန်းအား ဝင်ရောက် တိုက်မိ

နေပြည်တော်  သြဂုတ်  ၁၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီး ရဲစခန်းအပိုင်၌ ယနေ့မွန်းလွဲ၁ နာရီခွဲတွင် မော်တော်ယာဉ်တစ်စီး မောင်းနှင်နေစဉ် အတွင်း အရှိန်မထိန်းနိုင်ဘဲ လမ်းမကြီးအား ကာရံထားသည့် အလူမီနီယံတန်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၆/ဝ) နှင့် (၈၆/၁)အကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့  ယာဉ်မောင်း အာကာဖြိုးခန့် မောင်းနှင်လာသော TOYOTA  CROWN  (ဖြူ/မီးခိုးရောင်)ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်၍   လမ်းယာဘက်ခြမ်းတွင် ကာရံထားသည့်    အလူမီနီယံတန်းအား ဝင်ရောက်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့အနက်   အမျိုးသမီးမှာ(အတွင်းလူနာ/စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့ချောင်းအမြန် လမ်းမကြီးရဲစခန်းက အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။