၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၆

 

လက်ဝှေ့မျိုးဆက်သစ် အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်မြန်မာနိုင်ငံလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်   လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။

ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး  (၅၇)  ကီလိုတန်းပြိုင်ပွဲတွင် ထားထားနွယ်(Youth Camp)က ချယ်ဇင်ဝင်း (Youth Camp) ကိုလည်းကောင်း၊ အမျိုးသား (၄၈)  ကီလိုတန်းပြိုင်ပွဲတွင် မောင်ရှိန်း(ပြည်ထဲရေး)က ညီညီဇော်(လပခ)ကိုလည်းကောင်း၊ အမျိုးသား (၅၄) ကီလိုတန်းပြိုင်ပွဲတွင် သိန်းဇင်မိုး (ကာကွယ်ရေး)က အောင်ခန့်ထူး(ပြည်ထဲရေး)ကိုလည်းကောင်း၊ ခုပ်လျန်းတွမ် ( UMC ချင်းပြည်နယ်)က ကိုကိုထွန်း (Youth Camp)ကိုလည်းကောင်း၊ အမျိုးသား(၅၇) ကီလိုတန်းပြိုင်ပွဲတွင် လမင်းကိုကို(ပြည်ထဲရေး)က ပြည့်ဇော်ထက်(ရန်ကုန်တိုင်းစစ်ဌာနချုပ်) ကိုလည်းကောင်း၊  သူရ(ပြည်ထဲရေး)က ဝါဆို(ရန်ကုန်တိုင်းစစ်ဌာနချုပ်)ကိုလည်းကောင်း၊ အမျိုးသား (၆၀)  ကီလိုတန်းပြိုင်ပွဲတွင် ထွန်းထွန်းဝင်း (ပြည်ထဲရေး)က  လွှမ်းမိုးအောင်(ကာကွယ်ရေး) ကိုလည်းကောင်း၊ နုတ်မာရ် (အား/လူငယ်)က  လွင်မျိုးထွဋ် (ရန်ကုန်တိုင်းစစ်ဌာနချုပ်)ကိုလည်းကောင်း၊ အမျိုးသား  (၆၇)  ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းဦး (ကာကွယ်ရေး)က သူရဖြိုး(Youth Camp)ကိုလည်းကောင်း၊ မျိုးဝင်း (ပြည်ထဲရေး)က ဘုန်းမြင့်မောင် (ကာကွယ်ရေး)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ   ယှဉ်ပြိုင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ  ဦးအောင်နိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစား သမားများ လာရောက်ကြည့်ရှုအားပေးသည်။

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား  အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး) ဝိတ်တန်းအလိုက်ပြိုင်ပွဲ   ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌   ညနေ  ၃  နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။            

 ကျော်လွင်(မြဝတီ)