မြိတ်၊ သန်လျင်နှင့် သာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

မြိတ်၊ သန်လျင်နှင့် သာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ ၆

    တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၃ ရက် ညနေ ၃ နာရီခွဲတွင်   မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်ကွက်တွင် အေးဝင်း မောင်းနှင်ပြီး မျိုးဝင်း လိုက်ပါလာသည့်  HYUNDAI KMFPA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီခွဲတွင် စိတကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်သည့်   ခြူးကိုကို ကို မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅ နာရီ ၁၅ မိနစ်တွင်  သက်လှိုင်စိုး ကို မြိတ်မြို့၊ ကမ္ဘာလုံးဘုရားအနီးတွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျော်ဆွေကို မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၆ နာရီတွင် သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာအုပ်စု၊ သူဌေးကွင်းကျေးရွာတွင်  ဝင်းကို ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၈၉၈၀၀ ကိုလည်းကောင်း၊ထိုနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် သာစည်မြို့နယ်၊    ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ နှင့် မြန်မာငွေကျပ် ၁၇ ဒသမ ၇ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ဖေဖော်ဝါရီလ  ၅ ရက် နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ ဓညဝတီလမ်းတွင် တင်ဝင်းလှိုင်(ခ)ဇော်ဝမ်းကို ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူထားကြောင်း သိရသည်။