(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

 (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်် တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲ ဆက်လက်ကျင်းပ

 

ရန်ကုန် ဖေဖော်ဝါရီ ၆

    မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရိုးရာမြင်းစီး အားကစားကော်မတီ၏   ပံ့ပိုးမှုဖြင့် ကျင်းပသည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး   မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်ကွင်း၌ ဆက်လက် ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ အသားကျစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ဓားခုတ်(ငှက်ပျောပင်ခုတ်) စီးနင်းပြိုင်ပွဲ၊   မြန်မာ့ရိုးရာလှံပစ် (စက်ပစ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံထိုး(စက်ထိုး) စီးနင်းပြိုင်ပွဲ၊   International Show Jamping NydKifyGJ? International Dressage ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး   ယနေ့တွင် ရိုးရာဒုန်း အငယ်တန်းပြိုင်ပွဲ   (ကွာတားဖိုင်နယ်ပွဲ)များကို ညနေပိုင်းအထိ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ ထို့အတူ ဖေဖော် ဝါရီလ ၇ ရက်တွင်   ရိုးရာဒုန်းပိုနီတန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲ)များ၊ ၈ ရက်နေ့တွင် ရိုးရာအသားကျပြိုင်ပွဲများ၊ ၉ ရက်နေ့တွင် ရိုးရာဒုန်း အငယ်တန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲ)များ၊ ရိုးရာဓားခုတ်/လှံပစ်ပြိုင်ပွဲများ၊ ၁၀ ရက်နေ့တွင် မြင်းအလှစီး (Dressage)ပြိုင်ပွဲများ၊ ရိုးရာလှံထိုး ပြိုင်ပွဲများ၊ ၁၁ ရက်နေ့တွင်    နိုင်ငံတကာတန်းခုန်(Show Jumping) ပွဲများ၊ ၁၂ ရက်နေ့တွင် ရိုးရာဒုန်း အထူးတန်း/အကြီးတန်း/အလတ်တန်း/ အငယ်တန်းနှင့် ပိုနီတန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့ကရိုးရာဒုန်း အငယ်တန်းပြိုင်ပွဲ ပြုလုပ်တာဖြစ်ပါတယ်။ မြန်မာ့ရိုးရာဒုန်းစီး ပြိုင်ပွဲမှာက အတန်းတွေရှိပါတယ်။   မြင်းကလည်းသူ့ရဲ့ အမြင့်ကိုကြည့်ပြီး ခွဲရတာပါ။  တစ်ပွဲမှာလေးတွဲပြိုင်တယ်။   အဲဒီထဲကတစ်တွဲက ဖိုင်နယ်ကိုတက်ရမှာဖြစ်ပါတယ်။ ဖိုင်နယ်နေ့မှာတော့ ခြောက်တွဲထဲကနေ ပထမ၊ ဒုတိယ၊ တတိယ ရွေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာဆိုရင် မြင်းပေါ်ကနေ ငှက်ပျောပင်ကို ဓားနဲ့ခုတ်တဲ့ပြိုင်ပွဲတွေလည်း ပါပါမယ်။  လှံပစ်တဲ့ပြိုင်ပွဲလည်း ရှိပါမယ်။

နောက်လှံထိုးတဲ့ ပြိုင်ပွဲရှိပါမယ်။ ဒါတွေက မြန်မာ့ရိုးရာပြိုင်ပွဲတွေပေါ့။ နိုင်ငံတကာ ပြိုင်ပွဲအနေနဲ့ဆိုရင်လည်း Show Jumping ပြိုင်ပွဲရှိမယ်။ Dressage ပြိုင်ပွဲတွေ ပါရှိမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင် ကပြောသည်။

ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် အားကစားသမားများနှင့် မြင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး အကြီးတန်း ဒုန်းပြိုင်ပွဲတွင် ပထမငွေကျပ်သိန်း ၅၀၊ ဒုတိယငွေကျပ် သိန်း ၃၀၊ တတိယငွေကျပ်  ၁၀ သိန်း၊    အလတ်တန်း ဒုန်းပြိုင်ပွဲတွင် ပထမငွေကျပ်သိန်း ၃၀၊  ဒုတိယငွေကျပ်သိန်း ၂၀၊ တတိယငွေကျပ် ၁၀ သိန်း၊ အငယ်တန်းဒုန်း ပြိုင်ပွဲတွင် ပထမငွေကျပ်သိန်း ၂၀၊ ဒုတိယငွေကျပ် ၁၀ သိန်း၊ တတိယငွေကျပ် ၅ သိန်း၊ ပိုနီတန်းဒုန်းပြိုင်ပွဲတွင် ပထမငွေကျပ် ၁၀ သိန်း၊ ဒုတိယငွေကျပ် ၅ သိန်း၊ တတိယငွေကျပ် ၁ သိန်း၊ အသားကျပြိုင်ပွဲ   အလွတ်တန်းတွင် ပထမငွေကျပ် ၁၅ သိန်း၊ ဒုတိယငွေကျပ် ၁၀ သိန်း၊ တတိယငွေကျပ် ၅ သိန်း၊ ဓားခုတ် ပြိုင်ပွဲအလွတ်တန်းတွင် ပထမငွေကျပ် ၅ သိန်း၊ ဒုတိယငွေကျပ် ၃ သိန်း၊ တတိယငွေကျပ် ၂ သိန်း၊ စက်ထိုးပြိုင်ပွဲ အလွတ်တန်းတွင် ပထမငွေကျပ် ၅ သိန်း၊ ဒုတိယငွေကျပ် ၃ သိန်း၊ တတိယငွေကျပ် ၂ သိန်း၊ လှံထိုးပြိုင်ပွဲ အလွတ်တန်းတွင် ပထမငွေကျပ် ၅ သိန်း၊ ဒုတိယငွေကျပ် ၃ သိန်း၊ တတိယငွေကျပ် ၂  သိန်းနှင့်   ဆုဖလားများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။