မန်ယူအသင်း အဓိကခံစစ်ကစားသမား မာတီနက်ဇ် ဒူးအရွတ် စုတ်ပြဲဒဏ်ရာမဟုတ်ဘဲ ဒူးအရွတ်လွဲဒဏ်ရာ ဖြစ်သည့်အတွက် တစ်လကျော်သာ အနားယူရမည်

 

မန်ယူအသင်း အဓိကခံစစ်ကစားသမား မာတီနက်ဇ် ဒူးအရွတ် စုတ်ပြဲဒဏ်ရာမဟုတ်ဘဲ ဒူးအရွတ်လွဲဒဏ်ရာ ဖြစ်သည့်အတွက် တစ်လကျော်သာ အနားယူရမည်

 

မန်ယူအသင်းအဓိက ခံစစ်ကစားသမား မာတီနက်ဇ် ၏ဒဏ်ရာမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ မဟုတ်ဘဲ ဒူးအရွတ်လွဲဒဏ်ရာဖြစ်သည့်အတွက် တစ်လကျော်သာ အနားယူရမည်ဟု မန်ယူအသင်းက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ်  ကစားသည့် မန်ယူအသင်းက  ဝက်စ်ဟမ်းအသင်းကို   ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင်   မာတီနက်ဇ်သည် ဝက်စ်ဟမ်းအသင်း  ခံစစ်ကစားသမား ကော့လ်ဖဲနှင့် ဘောလုံးယှဉ်လုရာမှ ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန်အနည်းငယ် ဆက်လက်ကစားနေစဉ် ပိုမိုနာကျင်လာသည့်အတွက် ပွဲချိန် ၇၁ မိနစ်တွင် လူစားလဲထွက်ခွာခဲ့ရသည်။

မာတီနက်ဇ်သည် ယခုဘောလုံးရာသီ အစပိုင်းကလည်း ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး  ပြန်လည် သက်သာလာသည့်အတွက်    ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့သော်လည်း  ယခုအခါ ဒူးဒဏ်ရာထပ်မံ ရရှိခဲ့ခြင်းကြောင့် အနားယူရမည်ဖြစ်သည်။

အစောပိုင်းက    မာတီနက်ဇ်အနေဖြင့်   ဒူးအရွတ် စုတ်ပြဲဒဏ်ရာ ဖြစ်နိုင်သည့်အတွက် ကာလရှည်အနား ယူရမည်ဟု    ခန့်မှန်းထားသော်လည်း      အသေးစိတ် ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာတွင်  ဒူးအရွတ်လွဲဒဏ်ရာ ဖြစ်သည့်အတွက် ကာလရှည် အနားယူရမည် မဟုတ်ဘဲ  တစ်လကျော်သာ     အနားယူရမည် ဖြစ်သောကြောင့် လာမည့်မတ်လတွင်     ပြန်လည် ကစားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။