ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် အိမ်ကွင်း၌ ဝုဗ်အသင်းကို ပထမဆုံး အကြိမ်ရှုံးနိမ့်

 

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် အိမ်ကွင်း၌ ဝုဗ်အသင်းကို ပထမဆုံး အကြိမ်ရှုံးနိမ့်

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၂၃)အဖြစ် ကစားသည့် ချယ်လ်ဆီးအသင်းနှင့် ဝုဗ်အသင်းတို့ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက ရှုံးနိမ့်ပြီးနောက် အသင်းသမိုင်း တစ်လျှောက် အိမ်ကွင်း၌ ဝုဗ်အသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဝုဗ်အသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် ဝုဗ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၂ မိနစ်၊ ၆၃ မိနစ်နှင့် ၈၂ မိနစ်တို့တွင် ကွန်ဟာက ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် ၄၃ မိနစ်တွင် ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား  ဒီဆာဆီက  ကိုယ့်ဂိုးကိုယ်သွင်းမိကာ ချယ်လ်ဆီးအသင်း အတွက်  သွင်းဂိုး နှစ်ဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် ပယ်မာနှင့် ပွဲချိန် ၈၆ မိနစ်တွင် သီယာဂိုဆေးလ်ဗားတို့က သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်း  ချယ်လ်ဆီးအသင်းသည်  ဝုဗ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားသည့် ပွဲစဉ်များတွင် ခြောက်ပွဲရှုံးနိမ့်ကာ သုံးပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး တစ်ပွဲမျှမရှုံးနိမ့်ဘဲ ယခုအခါမှသာ အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဝုဗ်အသင်း နည်းပြ အိုးနေးသည်လည်း ချယ်လ်ဆီးအသင်း အိမ်ကွင်း၌ နိုင်ပွဲရယူနိုင်သည့် ပထမဆုံးဝုဗ်အသင်း နည်းပြအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။

‌အလားတူ  ဝုဗ်အသင်းတိုက်စစ်မှူး ကွန်ဟာသည်လည်း ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်း အိမ်ကွင်း၌ ဟက်ထရစ်သွင်းဂိုးသွင်း ယူနိုင်ခဲ့ကြသည့်    အာဆင်နယ်အသင်း ကစားသမားဟောင်း နှစ်ဦးဖြစ်သည့်    ကနူးနှင့် ဗန်ပါစီ၊ မန်စီးတီး အသင်းကစားသမားဟောင်း အဂူရိုတို့ပြီးလျှင် စတုတ္ထ ‌မြောက်ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။

‌ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် လီဗာပူးအသင်း နှင့်ပွဲစဉ်တွင်  ၄ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သကဲ့သို့ ဝုဗ် အသင်းကိုလည်း ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးနိမ့်သည့်အတွက် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲဆက်လေးဂိုးစီ ပေးခဲ့ရကြောင်း သိရသည်။