မန်ယူအသင်းက လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရောင်းချမည့် တောင်ပံကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်

 

မန်ယူအသင်းက လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ရောင်းချမည့် တောင်ပံကစားသမား ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅၀ သတ်မှတ်

 

    မန်ယူအသင်းက  ဒေါ့မွန်အသင်းထံ ရာသီဝက် အငှားစာချုပ်ဖြင့် စေလွှတ်ထားသည့် တောင်ပံကစား သမားဆန်ချိုကို    လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်    ရောင်းချမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုလည်း စတာလင်ပေါင် သန်း ၅၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

အသက်  ၂၃  နှစ်အရွယ်  ဆန်ချိုသည်  ၂၀၂၁ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၃ သန်းဖြင့် မန်ယူ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး မန်ယူအသင်းတွင်   ပုံမှန်ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ  ယခုဘောလုံးရာသီအစပိုင်းက    နည်းပြတန်ဟတ်နှင့် ဆက်ဆံရေး မပြေလည်မှုများကြောင့်  အသင်းဟောင်း  ဒေါ့မွန်အသင်းထံ ရာသီဝက် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

မန်ယူအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်  ဆန်ချိုကို  မဖြစ်မနေ ရောင်းချမည်ဖြစ်ပြီး     ပြောင်းရွှေ့ကြေးကိုလည်း စတာလင်ပေါင် သန်း ၅၀  သတ်မှတ်ထားခြင်းဖြစ်သည်။

ဒေါ့မွန်အသင်းက  ဆန်ချိုကို ရာသီကုန်အထိ   အငှားစာချုပ်ဖြင့် ခေါ်ယူထားသော်လည်း အပြီးသတ်ခေါ်ယူရန် အစီအစဉ်မရှိဟု   ပြောကြားထားသည့်အတွက်  ဆော်ဒီကလပ် အသင်းများက  ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။