မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၇

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက် ည ၆ နာရီတွင် ချောင်းဆုံမြို့၊ ဘုရားကြီးကုန်းရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ပါဆယ်ပစ္စည်း   လာရောက်ထုတ်ယူသူ ဇင်မင်းထွန်းအား   စစ်ဆေးရှာဖွေရာ ၎င်းလာရောက် ထုတ်ယူသည့် စက္ကူဂျပ်ဖာပုံး အတွင်းမှ Tramadol ဆေးတောင့် ၄၀၀၀၊ Tramadol ထိုးဆေးပုလင်း ၅၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၇ နာရီတွင် ချောင်းဆုံမြို့နယ် စော်ကဲကျေးရွာအုပ်စု၊ အမှတ်(၆)ရပ်ကွက်ရှိ နေအိမ်ကို ဆက်လက် ရှာဖွေရာ Tramadol  ဆေးတောင့် ၁၈၀၀၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Alprazolam ဆေးပြား ၅၆၀၀၊ Diazepam ဆေးပြား ၁၄၀ ကို လည်းကောင်း။

 ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဟွေကွယ်ကျေးရွာအုပ်စု ဖရန်လုံ ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ရှေလအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် လွယ်မွေကျေးရွာအုပ်စု လွယ်မွေကျေးရွာအနီးတွင် စည်လူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ  ညနေ ၃နာရီတွင်   ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာ အုပ်စု   ခွန်ဆိုင်း(အောက်)ကျေးရွာရှိ လှမောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။