ရှားတောတွင် ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေး ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး သတ်ခံရ ဟု မဟုတ်မမှန်သတင်းများရေးသား ဝါဒဖြန့်

 

ရှားတောတွင် ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေး ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး သတ်ခံရ ဟု မဟုတ်မမှန်သတင်းများရေးသား ဝါဒဖြန့်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး ၃ ဦးနှင့် ကလေး ၃ ဦးကို တပ်မတော်က ပစ်သတ်ခဲ့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်သတင်းများကို လူမှုကွန်ရက် ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသ နယ်မြေလုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၅ ရက်နေ့တွင်  ရှားတောဒေသအတွင်း တပ်မတော်မှ နယ်မြေလှုပ်ရှား သွားလာမှုမရှိကြောင်းနှင့် စစ်ဘေးရှောင်များကို သတ်ဖြတ်ခဲ့သည် ဆိုသည်မှာလည်း အခြေအမြစ်မရှိသည့် သတင်းမှားသာဖြစ်ကြောင်း နှင့် အကြမ်းဖက် အားပေးပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ကောလာဟလ သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်ချိနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။