ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂၀၀၀ ဝန်းကျင်ကို နေပြည်တော်သို့ ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်ပေးကာ ရှေ့တန်း စေလွှတ်မည် ဟု မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်

တပ်မတော်က ပြည်နယ်နှင့်တိုင်းအသီးသီးရှိ စစ်မှုထမ်းဟောင်း ၂၀၀၀ ဦး ဝန်းကျင်ကို နေပြည်တော်သို့ ခေါ်ယူထားပြီး တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ် ပေးကာ ရှေ့တန်းသို့ အကူတပ်များအဖြစ် စေလွှတ်မည်ဟု မဟုတ်မမှန်သတင်းများကို အကြမ်းဖက် အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။

          အထက်ပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နေပြည်တော် ဒက္ခိဏသီရီမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိရာ နိုင်ငံ့ ဝန်ထမ်း အငြိမ်းစားများအပါအဝင်  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များပါ နေပြည်တော်သို့ ဘုရားဖူးရန် ရောက်ရှိလာမှုကို  ပြည်ဖျက်မီဒီယာများက အချိန်အခါကိုက် သတင်းတု သတင်းမှားများအား ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။