ရန်ကုန်တိုင်းဒေသကြီးရှိ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို

ရန်ကုန်တိုင်းဒေသကြီးရှိ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်

          ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား ဝန်ထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှုထမ်းဟောင်းဟောင်း အဖွဲ့ဝင်များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၇၉ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူး မြော်ကြည်ညိုကြသည်။

          ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

          ထို့နောက် အငြိမ်းစားဝန်ထမ်းများနှင့် ရဲမှုထမ်းဟောင်းများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်း စဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည် ရှင်းလင်း ဖြေကြားသည်။  

          ဆက်လက်၍ ဘုရားဖူး အငြိမ်းစားဝန်ထမ်းများနှင့် ရဲမှုထမ်းဟောင်းများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ် ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

          ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

          ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် အငြိမ်းစားဝန်ထမ်းများနှင့် ရဲမှုထမ်းဟောင်းများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

အန်တီကလေ ဒီမာရဝိဇယဘုရားကြီးကိုစမြင်ပြီး ဖူးမြော်လိုက်ကတည်းက စိတ်ထဲမှာ အရမ်းအေးချမ်းသွားတာပဲ၊ ကျောက်ပြားတွေများ တော်တော်အံ့မခန်းကို အေးချမ်းအောင် ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲနဲ့ ဆရာတော်ကြီးများ အားလုံးကိုလည်း ဒီနေရာကနေ သာဓုခေါ်ပါတယ်။ ဒီမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်ကြောင့် ခုနစ်ရက်သားသမီးလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ပြီးတော့ အပူများလည်း ငြိမ်းပါစေ၊ နိုင်ငံတော်ကြီးလည်း အဓွန့်ရှည်တည်တံ့စွာနဲ့ ဆက်လက်ဆောင်ရွက်ပြီးတော့ အမျိုးဘာသာ သာသနာလည်း  သာသနာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပြီးတော့ ရန်ကုန်မှာရှိတဲ့ မိသားစုများကို ခေါ်ပြီးတော့ မီသားစုတွေအားလုံး လာပြီးတော့ ဖူးမြော်အုံးမှာပါ၊ နယ်နယ် အရပ်ရပ်ကလည်း လာရောက်ဖူးမြော်နိုင်ဖို့ အန်တီကနေ ဖိတ်ခေါ်ပါတယ်။

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဖူးမြော်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ထို့အပြင် ဒီမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်တဲ့ နေရာမှာလည်း မြန်မာရိုးရာ လက်ရာပေါင်းစုံကို မြင်တွေ့ရတဲ့အတွက်လည်း မြန်မာရဲ့ ဂုဏ်ကို ကမ္ဘာမှာ မြင့်မားနေတယ်ဆိုလည်း အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ဖူးမြော်လိုက်ရတဲ့အခါမှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ဗိသုကာ အတတ်ပညာတွေ၊ အင်ဂျင်နီယာအတတ်ပညာတွေကို လေ့လာခွင့် ဖူးမြော်ခွင့်ရတဲ့ အတွက်ကြောင့် သူတို့ရဲ့အတတ်ပညာ အင်မတန်မှ အံ့မခန်းဖြစ်မိပါတယ်။ သူတို့ရဲ့ ဆောင်ရွက်မှုတွေဟာ တကယ်ကို ဖူးချင်သဖွယ် အင်မတန်တင့်တယ် ဿပ္ပါယ်တဲ့ ဘုရာကြီးဖြစ်အောင် ထုဆစ်နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဖူးမြော်ကြည်ညိုခွင့် ရတဲ့အတွက် သူတို့ကိုလည်းအလွန်ပဲ ပညာရှင်တွေကို ကျေးဇူးတင်ပါတယ်။ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လိုက်တာနဲ့ စိတ်ထဲမှာအင်မတန်မှ အေးချမ်းပါတယ်။ ကိုယ်လိုပဲ လာရောက်ဖူးမြော်တဲ့အခါမှာ အေးချမ်းဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတွေအားလုံးရော၊ ကမ္ဘာ အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေအားလုံးရော စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်အောင် တကယ့် အထိမ်းအမှတ် ဘုရားကြီးဖြစ်တဲ့ အတွက်ကြောင့်လည်း လာရောက်ဖူးပါလို့ ဖူးသင့်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်။

ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုရောက်တော့ ဒီလိုအံ့မခန်း ဖူးမြော်ရတော့ အရမ်းပဲ စိတ်ချမ်းသာတယ်။  မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေအားလုံးလဲ လာရောက်ဖူးစေချင်တဲ့ စိတ်စေတနာလည်းပေါ်ပေါက်တယ်။ မြန်မာနိုင်ငံမှာ ဒီလို ကြီးကျယ်တဲ့ ဘုရားပရဝုဒ်အတွင်းမှာ ဗိသုကာပညာရှင်၊ အတတ်ပညာရှင်တို့ရဲ့ အနုစိတ်လက်ရာတွေ အဆောက်အဦးကြီးများကို မြင်တွေရတော့ အတတ်ပညာရှင် အသိပညာရှင်များ၏ စိတ်ကူးဉာဏ်စွမ်းနဲ့ တည်ဆောက်ပေးခဲ့တဲ့ အကြီးအကဲ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နောက်အကြိမ်ကြိမ်လည်းဖူးမြော်ခွင့် ရပါစေလို့လဲ ဆုတောင်းခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ တန်ခိုးကြီးဘုရားတွေများစွာရှိတဲ့အထဲမှ ကမ္ဘာမှာ ဉာဏ်တော်မြင့်ဆုံး ဒီမာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ရတဲ့အတွက် နိုင်ငံသား တစ်ယောက်အနေနဲ့ အင်မတန်မှ ဝမ်းသာဂုဏ်ယိူပါတယ်။ ပထမဆုံး ကျွန်တော်တို့ကို ဂေါပကရုံးမှာ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အသေးစိတ် တည်ဆောက်ပုံကို သိရှိလေ့လာခွင့်ရခဲ့ပါတယ်။ အခုဒီမှာ လူတစ်ထောင်ကျော်ဆံ့တဲ့ ဗိမ္မာန်တော်ကြီးကို လေ့လာခွင့်ရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ တော်တော်လေးလဲ ထူးထူးခြားခြား တည်ဆောက်ထားတာကို တွေ့ရတဲ့အတွက်ကြောင့် နိုင်ငံသားတစ်ဘောက်အနေနဲ့ အင်မတန်မှ ဝမ်းသာ ဂုဏ်ယူပါတယ်။

ကျွန်မကတော့ ကယားပြည်နယ်ကိုယ်စားပြု ရိုးရာယဉ်ကျေးမှု အဖွဲ့အနေနဲ့ ဒီ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းပေါ်မှာတော့ တွေ့မြင်နေရတာကြာပါပြီ။ လက်တွေ့ဖူးမြှော်ချင်နေတာလည်းကြာပါပြီ။ အခုလိုအပြင်မှာ ကိုယ်တိုင်းကိုယ်ကျဖူး မြှော်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာကြည်နူးဖြစ်ရပါတယ်ရှင်။ မော်ကွန်းတိုက်မှာ ဆိုရင်လည်း ပုံစံငယ်တွေကို ခင်းကျင်းပြသထားတာကိုလည်း တွေ့ရပါတယ်။ ဘုရားကြီး တည်ဆောက်ပုံအဆင့်ဆင့်ကို ဂေါပကအဖွဲ့က သေးစိတ် ရှင်းပြတဲ့အတွက်လည်း အထူးဘဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ အခုလို လာရောက် လေ့လာနိုင်အောင် စီစဉ်ပေးတဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ကိုလည်း အထူးဘဲ ကျေးဇူးတင်ပါတယ်ရှင်။ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။

ကျွန်မကတော့ ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့ကနေ လေ့လာ‌ရေး ခရီးစဉ်ကိုပါလာတာဖြစ်ပါတယ်။ ပထမဦးစွာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြှော်ပြီးပါပြီ။ နောက်ပြီး မော်ကွန်းတိုက်ကို လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောက်စာရုံစေတီတွေကို ဖူးမြှော်ရင်း ကျောက်စာများကို လေ့လာဖြစ်ခဲ့ပါတယ်။ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကိုဖူးမြှော်ရတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူး ပြည်သူများကိုလည်း ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမြှော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။