တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၆ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ  (၄) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင်  ကြေညာထားခြင်း မရှိသည့် Albenz 200 Tablets သန်ချဆေး (၁၄၅၅) ဘူးအပါအဝင် ကုန်ပစ္စည်း (၄၄) မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ်    ၂၄၆၀၄၁၁၅၀)ကို လည်းကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော  Seven Colour  ပိုးထည် (၃၆၅၅) လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃၇၂၀၆၁၀)ကို လည်းကောင်း၊ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် New Pride Non- Dairy Whipping Cream (၂၇၅၀၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၇၉၉၆၁)ကို လည်းကောင်း၊ သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ  တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Shampoo  ခေါင်းလျှော်ရည် (၂၃၀)ဘူး အပါအဝင် ကုန်ပစ္စည်း(၄)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၆၆၅၁၀၉)ကို လည်းကောင်း၊   စုစုပေါင်း  (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၃၅၀၆၈၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလ ၆ ရက်တွင် မြန်အောင်ခရိုင်၊  အင်္ဂပူမြို့နယ်၌ အခြားသစ် (၃ ဒသမ ၀၆၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄၂၇၀)နှင့် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌   အခြားသစ် (၂ ဒသမ ၉၄၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၅၈၅၆)တို့ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ၇ ရက်တွင်  ပုသိမ်မြို့၊    အမှတ် (၆) ရပ်ကွက်၊ ဘိုဘဌေးလမ်းဆုံ၌  လိုင်စင်မဲ့  Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊    စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၂၀၁၂၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ဖေဖော်ဝါရီလ ၇ ရက်တွင် ကချင်ပြည်နယ်   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ကာမိုင်းမြို့၊  လက်ဝါးလမ်းဆုံအနီး၌ မသင်္ကာဖွယ် ရပ်တန့်ထားသည့် မော်တော်ယာဉ် (၂) စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  အမိုနီယမ်နိုက်ထရိတ် (၄၈၉၆၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၉၆၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck (၁)စီးနှင့် Chen Long Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၃၄၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၂၃၈၆၉၅၆)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင်ကော်မတီမှ သိရသည်။