သာစည်၊ လသာနှင့် ရွာငံမြို့နယ်တို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

 

သာစည်၊ လသာနှင့် ရွာငံမြို့နယ်တို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ဝေယံထွန်းမောင်းနှင်ပြီး တင်ရွှေလိုက်ပါလာသည့်   CROWN    အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းစိမ်း ၈၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၆ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ရွှေစာရံကျေးရွာတွင် ဘိန်းစိမ်းများ သယ်ဆောင်ခိုင်းသူ နေဇော်လှိုင်း(ခ)နေဇော်နှင့် ကျော်စွာမင်း(ခ)ကျော်စွာ (ခ)ကုလားတို့ကို လည်းကောင်း။

ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီခွဲတွင် လသာမြို့နယ်၊ (၅)ရပ်ကွက်၊ ကမ်းနားလမ်းနှင့် (၂၁)လမ်းထောင့်တွင် သတင်းအရ နိုင်ကျော်ထက်(ခ)ကျော်ကြီးနှင့် သန့်ဇင်အောင်(ခ)သက်နိုင်ဦးတို့ကို စစ်ဆေးရှာဖွေရာ  ၎င်းတို့၏  လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၆ နာရီတွင် အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ  ခိုင်အောင်စိုးကို လည်းကောင်း၊ ထိုနေ့ ည ၆ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ မြို့ကြီးကျေးရွာ အနီးတွင် WISH အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။