နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈

    သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် Com-munity Monitoring and Reporting System-CMRS အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄   ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄ ဒသမ ၀၆၈၀)တန်၊ သစ်မာ (၂၆ ဒသမ ၉၁၂၆)တန်၊ အခြား(၅၆ ဒသမ ၁၇၈၀)တန်၊ စုစုပေါင်း (၉၇ ဒသမ ၁၆၇၆)တန်၊  ယာဉ်/ယန္တရား (၁၁)စီး၊ တရားခံ(၁၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။