မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဖေဖော်ဝါရီ  ၉

 

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊    ဝင်္ကဘာလမ်းနေ ပြည့်ဟိန်းကျော်(ခ)ပြည့်ကြီး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  အိပ်ရာခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀ ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် သတင်းအရ မဝေေ၀အောင်(ခ)မဝေအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ ကိုလည်းကောင်း။ထို့ပြင် ဖေဖော်ဝါရီလ ၈ ရက် နံနက် ၇  နာရီတွင်  ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောကျေးရွာအနီးတွင် ကျဘိုးမောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။