တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ   ၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလ ၆ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးနှင့် မော်လမြိုင်မြို့မှမန္တလေးမြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ်(၁)စီးတို့ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်  Jumbo Roll Facial Tissue ကီလိုဂရမ် (၅၅၀၀)၊  Lactasoy  ပဲနို့ဘူး(၅၀၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီးနှင့် Anhui Ankai Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)တို့ကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းတင်ပြလာသည့် Ceramic Sanitary Wares Rok (၃၇၈၈)ခုအပါအဝင်   ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၃၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၉၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ  ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၂၃)လမ်း၊ အမှတ်(၈/၉)၊ မြေညီထပ်ရှိ ဂိုဒေါင်(၂) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Gaysorn စားအုန်းဆီ (၁)လီတာပါ ဘူး(၁၅၆၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၅၅၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး  Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Wai Wai ဆန်ကြာဆံထုပ်(၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၂၀၃၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၆၇၅၃၆၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ  ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား   တင်ပြနိုင်ခြင်း မရှိသည့် Brand ငှက်သိုက်ပုလင်း (၄၈၀)၊ Smarthome Multi Cooker (၁၃)လုံး၊ T-Shirt အင်္ကျီအထည်(၁၂၅၀)၊ ဘေထုပ်(၁၀)ထုပ်၊ Keyboard(Use) (၃)ခု အပါအဝင်  ကုန်ပစ္စည်း(၁၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Express (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း၊ လှိုင်းဘွဲ့-ဘားအံကားလမ်း၊ တောင်ကလေးကျေးရွာအနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်     ပုဇွန်နှစ်ကောင်ဆီ ၁ လီတာပါ  ဘူး(၆၀၀)၊  Yum Yum ခေါက်ဆွဲခြောက်ထုပ် (၆၀၀၀) အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင် လာသည့်  Toyota  Hiace (၁)စီးနှင့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၅၈၀၀၀၀) ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၅၁၈၅၃၆၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။