Golden City အထပ်မြင့်အိမ်ရာအဆောက်အအုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

 

Golden City အထပ်မြင့်အိမ်ရာအဆောက်အအုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဦးစီးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းစမ်းအေးဦးဆောင်သော မီးဘေးလုံခြုံရေး စစ်ဆေးရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၈ ရက်က ရန်ကင်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ    Gold City အထပ်မြင့်အိမ်ရာ အဆောက်အအုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးသည်။

ထိုကဲ့သို့ မီးဘေးလုံခြုံရေးကွင်းဆင်း  စစ်ဆေးရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဦးစီးဌာနခွဲ  ညွှန်ကြားရေးမှူး   ဦးသိန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမင်းစမ်းအေးတို့က အထပ်မြင့်အိမ်ရာရှိ အများပြည်သူများ  မီးဘေးလုံခြုံရေးအတွက် အိမ်ရာတစ်ခုလုံး၌တပ်ဆင်ထားသော     Fire Fighting System/ Equipment များအနေဖြင့်   ကောင်းမွန်မှုရှိရန်လိုအပ်ပြီး     အိမ်ရာဝန်ထမ်းများ အနေဖြင့်လည်း မီးဘေးလုံခြုံရေး အသိပညာများကို    တတ်မြောက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် အိမ်ရာတာဝန်ရှိသူများက   အဆောက်အအုံ၏ မီးဘေးလုံခြုံရေးစနစ်တပ်ဆင်ထားရှိမှုနှင့်     ပတ်သက်၍ ရှင်းလင်းတင်ပြရာ   မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ်  ဦးစီးဌာနခွဲ   ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး   မီးသတ်ဦးစီးဌာန   ဦးစီးမှူး ဦးမင်းစမ်းအေးတို့က  လိုအပ်သည်များ ဖြည့်စွက်အကြံပြုပြီး    အိမ်ရာအဆောက် အအုံအား   မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။                        

                                   ချမ်းမြေ့