မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်(စတုတ္ထ)နေ့နှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်(စတုတ္ထ)နေ့နှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲ၏(စတုတ္ထ)နေ့ကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိမြို့တော်ဂေါက်ကွင်း  (ငွေသော်တာ)၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမြင့်သောင်းက  မြို့တော်ဂေါက်ကွင်းသို့အမှတ်တရဂုဏ်ပြုလက်ဆောင်အား ပေးအပ်ရာ  အထွေထွေမန်နေဂျာ  ဦးမင်းညွန့်က လက်ခံရယူပြီး Burmese Golf မှမန်နေးဂျင်းဒါရိုက်တာ ဦးကျော်ကိုကိုချစ်က စုစုပေါင်းရိုက်ချက်၂၉၅ချက်ဖြင့် Best Amateur Player ဆုရရှိသူ မင်းစစ်သွေးအား ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ   ဂေါက်သီးအားကစားအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်းက   Senior  Pro အဆင့်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်၂၂၁ ချက်ဖြင့် တတိယဆုရရှိသော စိုးကျော်နိုင်(Taylormade) အားလည်းကောင်း၊ စုစုပေါင်းရိုက်ချက်၂၂၀ချက်ဖြင့် ဒုတိယဆုရရှိသောကျော်မိုး(Green Joy Pro Shop) တို့အားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးလှမြင့် ရွှေက စုစုပေါင်း ရိုက်ချက်၂၁၄ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျော့ရိုက်ကာ  ပထမဆုရရှိသော ဦးမင်းနိုင်အား  ပထမဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး   Professional အဆင့်ပြိုင်ပွဲတွင်    ဆုရရှိသူများအား  ဆုများကို ပေးအပ်ချီးမြှင့်ရာ Junior Golf  Myanmar ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်မိုးက စုစုပေါင်းရိုက်ချက်၂၈၁ချက်ဖြင့်  သတ်မှတ်ရိုက်ချက်ထက် ခုနစ်ချက်လျော့ရိုက်ကာ တတိယဆုရရှိသည့်သိန်းနိုင်စိုး(HAN Golf  Academy) အားလည်းကောင်း၊ Tournament Director ဦးဌေးအောင်က စုစုပေါင်းရိုက်ချက်၂၇၈ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် ၁၀ချက်လျော့ရိုက်ကာ  ဒုတိယဆုရရှိသည့် ရာဇာ(MGG)အားလည်းကောင်း၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်  ဦးသန့်ဇင်က   စုစုပေါင်းရိုက်ချက် ၂၆၅ ချက်ဖြင့်   သတ်မှတ်ရိုက်ချက်ထက်၂၃ချက်လျော့ရိုက်ကာ ပထမဆု ရရှိသော ကျော်သက်ဦး(Okkala Golf Academy  & Tee off  Apparel ) အားလည်းကောင်း    ဆုများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးညီညီက Senior Professional အဆင့်တွင် ပထမဆုရရှိသည့်မင်းနိုင်အား ဆုကြေးငွေချက်လက်မှတ်ကို   ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးကိုကိုအေးက Professional အဆင့်တွင် ပထမဆုရရှိသော ကျော်သက်ဦး(Okkala Golf Academy & Tee off Apparel) အား  အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် ဆုကြေးငွေချက် လက်မှတ်တို့ကို  ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်  ဆုရရှိသူများမှ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် စုစုပေါင်းပြိုင်ပွဲ အားကစားသမား ၇၅ ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း  သိရသည်။           

  လင်းခန့်