ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သင်တန်းသား၊ သင်တန်းသူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သင်တန်းသား၊ သင်တန်းသူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်

ဧရာဝတီတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၄၇ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူး မြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

          ထို့နောက် အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှု များနှင့် ရုပ်ပွားတော် မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး အငြိမ်းစားဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူများသည် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်း ဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် အငြိမ်းစား ဝန်ထမ်းဟောင်းများ၊ ကြီးကြပ်သူများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရ ပါတယ် -

 

    ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်  ၊ ရေကြည် မြို့နယ် ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးနဲ့ပင်စင်ယူထားတဲ့ ဦးမြင့်စိုးဖြစ်ပါ တယ်။ အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့ အငြိမ်းစားတွေအားလုံးကို ဒီတခိုးကြီး ဘုရားကြီးကို လာရောက်ဖူးမျော်ခွင့်ပြုနိုင်အောင် စီမံပေးတဲ့အတွက်လဲ ကျေးဇူး တင်ပါတယ်။ TV ထဲမှာကြည့်ကတည်းက ဒီဘုရားကြီးကို စတည်ကတည်းက ပီတိတွေဖြစ်တာပေါ့။ ကျွန်တော်တို့က ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ကျွန် တော်ကံ ကံ၏အကျိုးကို ယုံတယ်။ အကြောင်းနဲ့အကျိုး ပဋ္ဌာန်းဆက်တွေကိုလဲ ယုံတယ်။ အခုခေတ် ဒီလိုမျိုးအချိန်မှာ ဒီလိုမျိုးထူးခြားတဲ့ စကျင်ကျောက်တုံးကြီး ကို တွေ့ရှိတယ်။ ဒါကလဲ အကြောင်းတရားနဲ့ ပဲတွေ့ကြတာ။ ယခုပူးဇော်ထုဆစ် ထားတဲ့ ကျောက်တုံးကလဲ ကမ္ဘာမှာ တကယ့်အံ့ဖွယ် စကျင်ကျောက်တုံးကြီးကို ရရှိတယ်။ ရရှိပြီးတော့ အလှူဒါကာကြီး ဦးဆောင်ပြီးတော့ကျန်တဲ့ အလှူရှင် အားလုံးရဲ့ စိတ်တိုင်းကျ မုနိပုံကိုလည်း ဖော်ပြီးတော့ ထုဆစ်နိုင်တာကလဲ တစ် ကြောင်း ။ နောက်ပြီးတော့ ဒီမှာ ၂၅၅ ဧကရှိတဲ့ မြေကွက်တွေမှာပေါ့နော်။ လိုလေသေးမရှိအောင် သာသနိက ပစ္စည်းတွေ၊ အဆောက်အဦးတွေ ၊ ပန်းပန် တွေ၊ ရေကန်တွေ ၊ ရေဖဝါးတွေနဲ့ အလှူဒါယိကာကြီးနဲ့ အလှူရှင်များရဲ့ လိုချင်တဲ့ ပုံစံရအောင် ဖော်ထုတ်ပေးတဲ့ တကယ့်မြန်မာနိုင်ငံ အင်ဂျင်နီယာတွေနဲ့ ၊ တပ်မတော်သား အင်ဂျင်နီယာ အားလုံးကိုလည်း တကယ်လုံးဝချီးကျူးတယ်။ နိုင်ငံခြားအကူအညီမပါပဲ မြန်မာနိုင်ငံမှာရှိတဲ့ ပညာရှင်တွေနဲ့ ထုဆစ်ပုံဖော်ထားတဲ့ ဘုရားကြီးကို လာရောက်ဖူးမျော်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

 

          ကျွန်မကတော့ လျှပ်စစ်ဓာတ်အားထုတ်လွှင့်ရေးလုပ်ငန်း နမ်ချိုရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံက အငယ်တန်း အင်ဂျင်နီယာ(၂) လျှပ်စစ် ဒေါ်စုမြတ်ဖြူစင်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးသင်တန်းသားတွေအားလုံး လာရောက် ဖူးမျော်ခွင့်ရအောင် လျှပ်စစ်ဝန်ကြီးဌာနကနေပြီးတော့ စီစဉ်ပေးတာပဲ ဖြစ်ပါ တယ်။ ဒီလိုဝန်ကြီးဌာနက စီစဉ်ပြီးတော့ စနစ်တကျ သင်တန်းသားတွေ လာရောက် ဖူးမျော်ရတဲ့ အချိန်မှာ ဒီကနေပြီးတော့ Documentary နဲ့တကွ အသေးစိတ်ရှင်းပြတဲ့အတွက် မသိတာတွေလဲ သိရပြီး တကယ်ကိုပဲ စနစ်တကျ နဲ့ လာရောက်ဖူးမျော်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ ဒီမှာပေါ့နော် လေ့လာစရာ တွေလည်း အများကြီးပါပဲ ။ ဒီလိုမျိုး ကိုယ်တိုင်လာရောက်ဖူးမျော်ရတာနဲ့ အပြင် မှာပုံတော်ကို ဖူးမျော်ရတာ မတူဘူးပေါ့နော်။ အဲတာကြောင့်မလို့ အနီနားကလူ တွေရော ၊ အဝေးကလူတွေရော ကိုယ်တိုင်လာရောက်ဖူးမျော်ဖို့အတွက် ဖိတ်ခေါ် ချင်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ဒီဘုရားကြီးကို လာရောက် ဖူးမျော် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။

 

          ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ် ၊ စီမံကိန်းရေး ဆွဲရေးဦးစီးဌာနကနေ ဒုတိယညွှန်ကြားရေးမှူးနဲ့ အငြိမ်းစား ဒေါ်တင်သိန်းဖြစ် ပါတယ်။ နိုင်ငံဝန်ထမ်း အငြိမ်းစားတွေကို မာရဝိဇယဘုရားဖူး ခရီးစဉ်မှာ နိုင်ငံ ဝန်ထမ်းအငြိမ်းစားတွေကို ပထမဆုံးခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် အများ ကြီး ဂုဏ်ယူဝမ်းမြောက်သလို ကျေးဇူးလည်း တင်ပါတယ်။ ကျွန်မဒီဘုရားနဲ့ ပတ်သက်ပြီးတော့ ရင်ထဲကခံစားချက်လေးကို ပြောချင်ပါတယ်။ အဲတာဘာလဲ ဆိုတော့ ဘုရားပုံတော်ကြီး တိမ်တွေကြားထဲမှာပေါ့နော် လွှင့်ပြီးတော့ အဲ့ဒီပုံ တော်ကို မြင်လိုက်တဲ့အချိန်မှာ မြဝတီ TV ထဲကမြင်တာပါ။ အဲလိုမြင်လိုက်တဲ့ အချိန်မှာ ကျွန်မလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အိမ်မတ်ခနခနမတ်ခဲ့တဲ့ ဘုရားပုံတော်ကြီးဖြစ်နေတာ ။ အဲလိုဘုရားပုံတော်ကြီး ဖြစ်နေတဲ့အခါကြတော့ အော် အိမ်မတ်မတ်တဲ့ ဘုရားကြီးက ကိုယ့်ရှေ့မှာ ဘွန်းဘွန်းကြီး ပေါ်နေပါ့လား ဆိုပြီးတော့ အဲ့ဒီအချိန်ကြမှ ကျွန်မက TV မှာ ကျောက်တုံးသယ်တာကနေစပြီး တော့ နေ့တိုင်းလွှင့်တဲ့ဟာကို ကြည့်ဖြစ်တယ်။ ကြည့်တဲ့အခါကြမှာ အံ့မခန်းတွေ ဖြစ်ပြီးတော့ ကျောက်တုံးသ်တာကနေပြီးတော့ ကျောက်တုံးကြီးကို တည့်မတ် တဲ့ အထိ ဒီဂရီ ဘယ်လောက်တည့်သွားပြီ ဒီနေကတော့ ဒီဂရီ ဘယ်လောက် တည့်သွားပြီ စသဖြင့်ပေါ့။ အဲ့တာတွေကို အစအဆုံးကြည့်တယ်။ ကြည့်ပြီးတော့ နောက်ပိတ်ဆုံး အနေကဇာတင်ဘုရားပေါ့နော် ဒီစေတီကြီး နောက်ဆုံးအဆင့်ပွဲ အထိကို TV မှာနေ့တိုင်းကြည့်တယ်။ အမြဲတမ်းကြည့်တယ်။ ဒီဘုရားကြီးက တယ်ကို ဆုတောင်းပြည့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အဲဒီ TV ထဲမှာ လွင့်သမျှကို ဘုရားကို အမြဲတမ်းရှိခိုး အာရုံပြုပြီး ဒီဘုရားကြီးကို ကျွန်မကိုယ် တိုင်ကိုယ်ကျ တစ်နေ့မှာ ဖူးခွင့်ရပါစေလို့ TV ထဲမှာပဲ ကြည့်ပြီး ဆုတောင်းခဲ့တာ ။ အဲတော့ အခုလိုမျိုးဖူးခွင့်ရတဲ့အတွက် ဒီဘုရားနဲ့ပတ်သက်ပြီးတော့ ပဋ္ဌာန်း ဆက်ရှိသမျှ ပုဂ္ဂိုလ်အပေါင်းတို့ကလည်း နိုင်ငံတော်ရဲ့ စီစဉ်ပေးမှုနဲ့ ဘုရားတည်း ကတည်းက မြို့နယ်တွေပါမကျန် ၊ ကျေးရွာတွေမှာ မကျန် အလှူငွေတွေပါဝင် ခွင့်ရအောင် အစိုးရအဖွဲ့အသီးသီးက ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီဘုရားထဲမှာ လဲနေလှေအောင်းမြင်းစောင်းမကျန် ပါဝင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့်မလို့ အများ ပြည်သူလည်း ဖူးမျော်စေချင်တယ်။ နောက်ပြီး ကျွန်မတို့လို ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့လည်း ကိုယ်ဘာသာကိုယ်လာဖူးဖို့ ဆိုတာ တော်ရုံနဲ့ မရောက်ဖြစ်ဘူး။ မဝေးသော်ငြားလည်း မရောက်ဖြစ်ဘူး။ အခုလိုစီစဉ်ပေးတဲ့ အတွက် နိုင်ငံတော်အဆင့် အကြီးအကဲများ ၊ ဧရာဝတီတိုင်းဒေသကြီးက ဝန်ကြီး ချုပ်နဲ့ တကွ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ဒီဘုရားကြီး ရေရှည်ထိမ်းသိန်းဖို့ အရှည်တည်တံ့ဖို့ အနေနဲ့လည်း ကျွန်မတို့မြန်မာနိုင်ငံသူ ၊ မြန်မာနိုင်သားတွေဟာ ဗုဒ္ဓဘာသာဝင် တွေဖြစ်တဲ့အတွက် ဥပမာ တစ်ခုပြမယ်ဆိုရင် ကျွန်မတို့ ဧရာဝတီတိုင်းမှာရှိတဲ့ မြတ်မော်တင်စွန်ဘုရားဟာဆိုရင် မြတ်စွဘုရားရှင် သက်တော်ထင်ရှာရှိစဉ်အခါ ကတည်းက ဆံတော်အစစ်ကို ဌာပနာထားတဲ့ ဘုရားဖြစ်ပါတယ်။ အဲတာမြတ် မြင်ကြည့်ချင်အားဖြင့် ဟိုတုန်းကထက် တစ်ဆင့်နဲ့တစ်ဆင့် တိုးတတ်ပြီးတော့ ပြောင်းလဲလာတဲ့ ဘုရားကို မြင်ကြရမှာပါ။ ဒါကြောင့်မလို့ ဒီမာရဝိဇယဘုရား ကြီးဟာ ရှေ့အရှည်မှာ သာသနာတည်တံ့ရေးအတွက် အခုလိုပဲ နောင်လာနောင် သားတွေက လက်ဆင့်ကမ်းပြီးတော့ ဆောင်ရွက်ပြီးတော့ တို့တတ်သထက် တိုး တတ်၊ သာသနာပြန့်ပွားသထက်ပြန့်ပွား၊ ကမာ္ဘတည်တဲ့အထိအောင်ရှိမယ်ဆို ကျွန်မ ယုံကြည်ပါတယ်လို့ ပြောကြားချင်ပါတယ်ရှင့် ။ ဒါကျွန်မရင်ထဲက ပီတိ စကားပါရှင်။