(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် ဖျော်ဖြေပွဲကို  တိုက်ရိုက် ထုတ်လွှင့်ပြသမည်

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲနှင့် ဖျော်ဖြေပွဲကို  တိုက်ရိုက် ထုတ်လွှင့်ပြသမည်

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၀

    (၇၇)နှစ်မြောက်   ပြည်ထောင်စုနေ့  နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည် ဖြစ်ရာ အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့နံနက်   ၆ နာရီ  ၄၀ မိနစ်မှ စတင်၍  MRTV-HD ၊ MRTV NRC ၊ MWD HD  ၊ MWD VARIETY HD ၊ Channel Light ၊  5 Plus၊  Readers Channel ၊ Skynet Up to Date ? Skynet တိုင်းရင်းသား Channel ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို ၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM၊ ရွှေ  ၊ FM ပုဂံ ၊ Star FM ၊ သဇင် FM တို့အပြင်  MRTV APP: အပါအဝင် Online တို့မှ တိုက်ရိုက်(LIVE)ရိုက်ကူး၍ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု ဖျော်ဖြေပွဲကို ယင်းနေ့ညနေ(၆)နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း MRTV(NRC)တွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။