ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

    ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း  အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုတာကတော့ ယခုမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ် ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းကတိုင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ ရှိပါတယ်။ အဲ့ဒီနောက် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်   ဖွံ့ဖြိုးရေး ကောင်စီလက်ထက်မှာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် (၂၇/ ၂၀၁၀ )နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ပြင်ဆင်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖျင်းအားဖြင့် ပြောရမယ်ဆိုရင် တော့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ အခန်း ၈ ခန်းပါပါတယ်။ ဒီအခန်း ၈ ခန်းထဲမှာ အရေးကြီးတဲ့ဟာတွေကိုပဲ ကျွန်တော်ထုတ်နုတ်ပြီး ပြောလိုပါတယ်။ အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့်ကာလတွေ၊ ဒီစစ်မှုထမ်း ရမယ့်ကာလတွေမှာ ဒီစစ်မှုထမ်းရမယ့် အသက်အရွယ်တွေ၊ ကာလတွေ၊ စစ်မှုထမ်း ရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး ၃၅ နှစ်မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ်မကျော်သေးတဲ့ သူတွေဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ကတော့ အမျိုးသား အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီး အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိပါတယ်။  စစ်မှုထမ်းဆောင်ရမယ့် ကာလ ကတော့  ၂၄ လ နှစ်နှစ်ဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ ၃၆ လ သုံးနှစ်ဖြစ်ပါတယ်။

ဒီပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိပါ တယ်။ ဒါကြောင့်မလို့ ဒီဟာတွေကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ   စစ်ပညာ သင်ကြားဖို့နဲ့    နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသား တွေရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြဋ္ဌာန်းချက်မှာ နိုင်ငံသားတွေရဲ့ မူလတာဝန် ဝတ္တရားတွေရှိပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၃၈၅ မှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၃၈၆ မှာတော့ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနဲ့ အညီ  စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေနဲ့အတူတူပဲ ဒီနိုင်ငံသားတိုင်း စစ်မှုတာဝန်ထမ်းဆောင် နိုင်ရေးအတွက် တပ်မတော်ဟာ ပုဒ်မ ၂၀ (ဃ)မှာ တပ်မတော်သည် နိုင်ငံတော် လုံခြုံ ရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည် လို့ ပြဋ္ဌာန်းထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြေခံ ဥပဒေပုဒ်မ ၃၃၉ မှာ နိုင်ငံတော်ကို ပြည်တွင်း/ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေးနဲ့   လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရမည်လို့ပါရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀)နဲ့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတစ်ရက်ထဲမှာပဲ နောက်ထပ် ဥပဒေတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဥပဒေအမှတ်(၂၈/၂၀၁၀)နဲ့ ပြဋ္ဌာန်းခဲ့တယ်။  အရန်တပ်ဖွဲ့ ဥပဒေဖြစ်ပါတယ်။ ကမ္ဘာပေါ် မှာ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းထားတဲ့ နိုင်ငံပေါ့။  ၁၈ နိုင်ငံခန့်ရှိကြောင်းကို လေ့လာ တွေ့ရှိပါတယ်။  တချို့အပိုင်းတွေမှာတော့ National Service အမျိုးသား စစ်မှုထမ်း စနစ်ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့  ပြဋ္ဌာန်းထားတာမျိုးတွေ တွေ့ရပါတယ်။ အမျိုးသားစစ်မှု ထမ်းတာဝန် National Service  ကို တာဝန် ထမ်းဆောင်တဲ့နေရာမှာတော့   ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ရတာကို တွေ့ရပါမယ်။ အကြမ်းဖျင်း လေ့လာကြည့်ရင်တော့ စစ်မှုထမ်းဆောင်ဖို့ အတွက် ဥပဒေပြဋ္ဌာန်း ပြီးတော့ကျ စစ်မှုထမ်းဆောင်စေခြင်း မရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ခုနပြောတဲ့ စစ်မှုထမ်းဆောင်တဲ့ ဥပဒေပြဋ္ဌာန်းပြီး မဖြစ်မနေ စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နောက်တစ်မျိုးကတော့ ထူးခြားတဲ့ အခြေအနေ တစ်ရပ်အတွင်း ဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေတဲ့ နိုင်ငံများဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မဖြစ်မနေ စစ်မှုထမ်းဆောင်ခြင်းနဲ့ ဆန္ဒအရ စစ်မှုထမ်းဆောင်ခြင်း၊ နှစ်မျိုးလုံးကို ကျင့်သုံးနေတဲ့ နိုင်ငံများဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ မဖြစ်မနေ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီး စစ်မှု ထမ်းဆောင်စေတဲ့ နိုင်ငံများမှာ တပ်မတော်များမှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အရပ်ဘက်လုပ်ငန်းတွေ၊ လက်နက်မကိုင်ရတဲ့ လုပ်ငန်းတွေ၊ တိုက်ပွဲမဝင်ရတဲ့ နေရာတွေမှာ ရွေးချယ် အမှုထမ်းခွင့်ရှိတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ နောက်တစ်မျိုးကတော့ မဖြစ်မနေ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး စစ်မှုထမ်းဆောင်စေတဲ့  နိုင်ငံများရဲ့ စစ်တပ်များမှာ တာဝန်ထမ်းဆောင်ရာမှာ  ရွေးချယ်ပိုင်ခွင့်မရှိတဲ့ နိုင်ငံများလည်း ရှိပါတယ်။ အဲလိုဆောင်ရွက်တဲ့နေရာမှာ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိ ၁၈ နိုင်ငံရှိကြောင်းကို တွေ့ရပါတယ်။ ဥပမာ အနေဖြင့် သြစတြေးလျ၊ ဂျာမနီ၊ အီရန်၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေ၊ ရုရှား၊ စင်ကာပူ၊   တောင်ကိုရီးယား၊   ဆွီဒင်၊ ဆွစ်ဇာလန်၊ တူကီယဲစတဲ့နိုင်ငံ များဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်ဖို့ အတွက် မဖြစ်မနေ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။   ဒီလိုပါပဲ တချို့နိုင်ငံတွေမှာ ခုနကျွန်တော်ပြောခဲ့တဲ့ ၆ မျိုး ပုံစံမျိုးတွေနဲ့ ရှိပါတယ်။ တချို့နိုင်ငံတွေကတော့   စစ်မှုမထမ်းမနေရစနစ်ကိုပဲ  အပျော်တမ်းတပ်ဖွဲ့တွေ၊ အမြဲတမ်းမဟုတ်တဲ့ တပ်ဖွဲ့တွေ၊ ဒီလိုပုံစံမျိုးနဲ့ တာဝန်ထမ်းဆောင်နေတာမျိုးတွေလည်း ရှိပါတယ်။

ဒါကြောင့်မို့ ကျွန်တော်ပြောချင်တာက ကမ္ဘာပေါ်မှာတော့ စစ်မှုထမ်းဆောင်ခြင်း ဆိုတာသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးမှာ တာဝန်ရှိတာနဲ့အညီ ပြဋ္ဌာန်းချက်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနဲ့ ပြဋ္ဌာန်းသက်ဝင်လှုပ်ရှား နေတာပဲဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ ကျွန်တော်တို့ ဒေသတွင်းနိုင်ငံများ အနေနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆိုရင် ၁၉၉၁ ခုနှစ် ကတည်းကတိုင် စတင်ပြဋ္ဌာန်း ကျင့်သုံးနေ တာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ အမျိုး သား ၁၈ နှစ်အထက်နဲ့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီး ၂၀ နှစ်အထက် ကျန်းမာရေး ကောင်းမွန်သူ အကုန်လုံးဟာ ပြည်သူ့စစ် ဌာနချုပ်အလိုက် တပ်သားသစ် စာရင်းသွင်း ပြီး သင်တန်းပေးလေ့ကျင့် ၃ နှစ် စစ်မှုထမ်း တာဝန်ထမ်းဆောင်ရတာ  ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကတော့ စစ်မှုထမ်းဆောင်ရန် မလိုဘဲနဲ့ လေ့ကျင့်ရေး စစ်ပညာအခြေခံ သင်တန်းကို သက်ဆိုင်ရာပြည်နယ် စစ်ဌာနချုပ်တွေမှာ ၆ လသင်တန်း တက်ရတာမျိုးတွေ့ပါတယ်။   အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် အမျိုးသားအားလုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ် လို့  ပြဋ္ဌာန်းထားတာရှိပါတယ်။ အရန်တပ်သားအဖြစ် မှတ်ပုံတင်သူတွေဟာ  အသက် ၂၁ နှစ်ပြည့်တဲ့နှစ်မှာ မိမိစစ်မှုထမ်းဆောင်ရန် မှတ်ပုံတင်ထားတဲ့မြို့နယ်တွေမှာ ဒီဇင်ဘာ လ ၃၁ ရက်နေ့ မတိုင်မီ စစ်သင်တန်း တက်ရောက်ရန် စာရွက်စာတမ်းများ တောင်းယူရပါတယ်။

ပြီးရင် ကျွန်တော်တို့ စာရင်းသွင်းပြီးရင် ဥပဒေအရ စစ်မှုထမ်းဆောင်နိုင်ရေး ရွေးချယ် အပေါ်မှာ မဲနှိုက်ရပါတယ်။ အနီမဲနဲ့ အနက် မဲဆိုပြီး နှစ်မျိုးရှိပြီး အနီမဲရတဲ့သူတွေက စစ်မှုထမ်းဆောင်ရပြီး အနက်မဲရတဲ့သူတွေ က စစ်မှုထမ်းဆောင်ရန် ကင်းလွတ်ခွင့် သူ့နေရာနှင့်သူ ပြဋ္ဌာန်း ကျင့်သုံးနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ စင်ကာပူနိုင်ငံ ဆိုလျှင် အမျိုးသားစစ်မှုထမ်းမှု ဥပဒေကို ၁၉၆၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း နှစ်နှစ်စစ်မှုထမ်း တာဝန်ထမ်းဆောင်ရတာ ဖြစ်ပါတယ်။ ဒါတွေသည်  ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း စစ်မှုထမ်းဆောင်ခြင်း ဆိုတဲ့အကြောင်းအရာသည်   ယခင်ကတည်းကတိုင်  ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ယခင်ကျွန်တော်တို့ အင်္ဂလိပ်လက်ထက် ဂျပန်ခေတ်ကတိုင် ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့စတဲ့ စစ်မှုထမ်းဆောင်နိုင်ရန် အတွက် မြို့အလိုက်ကနေပြီးတော့  စစ်မှု ထမ်းဆောင်ရန် ဆင့်ခေါ်လျှင် မြို့အလိုက် လူဦးရေတစ်ထောင်၊ လူဦးရေရာဂဏန်း၊ လူဦးရေဆယ်ဂဏန်း စစ်မှုထမ်းဆောင်ရန် အတွက်၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ရန် အတွက် လုပ်ဆောင်ပေးရတဲ့ဟာတွေ ရှိပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့မှာ ဗမာ့လွတ်လပ်ရေး တပ်မတော် BIAဖွဲ့စည်းခဲ့ပါတယ်။ ဒီ BIA  မှာလည်း စစ်မှု ထမ်းဆောင်ဖို့ စစ်စည်းရုံးဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဗန်ကောက်မှာ အင်အား ၂၀၀ လောက်နဲ့စတင်ခဲ့တဲ့ BIA  ဟာ ၆ လ ၇ လအတွင်းမှာ အင်အား ၅ သောင်းအထိ စစ်စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မလို့လည်း လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာသည် ပြည်သူ့ စစ် မဟာဗျူဟာဖြစ်ပါတယ်။ ဒါမြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး စစ်မဟာဗျူဟာကို သုံးသပ်ချမှတ်တဲ့နေရာမှာ ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများ ညီလာခံကနေစပြီး ပြည်သူ့စစ်မဟာဗျူဟာ အကောင်အထည်ဖော်ဖို့ စတင်ဆွေးနွေးခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ် မဟာဗျူဟာကို လက်ခံ  ရေးဆွဲခဲ့တာဖြစ်ပါတယ်။ တပ်မတော်အနေ နဲ့ စစ်စည်းရုံးနိုင်မှု စွမ်းရည်နဲ့ ပြည်သူ့စစ်  မဟာဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်းရည် တွေကို ပြည်ပကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူ ကူမင်တန် ကျူးကျော်စစ်ကာလ ပြည်တွင်း သောင်းကျန်းမှု အရှိန်မြှင့်တင်နေတဲ့ ကာလ တွေမှာ ကျွန်တော်တို့ဆောင်ရွက်ခဲ့ရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမဒေသတွေမှာဆိုရင်  ပြည်သူအားလုံး ပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် မလို့ ပြည်တွင်းသောင်းကျန်းမှု  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ  အရေးပါတဲ့ဒေသမှာ ပြည်တွင်းသောင်းကျန်းမှုကို အတူတူချုပ်ငြိမ်း သွားရခြင်းပဲဖြစ်ပါတယ်။   ဒီနေ့ဒီအချိန် အခါမှာလည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့ စစ်မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသား စစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံး ဖို့လိုအပ်လာပါတယ်။ ဒါတွေကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကိုဆောင်ရွက် ရခြင်းဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လိုအပ်လာလျှင်   ဒီအမျိုးသား စစ်မှုထမ်း  စနစ်ထက်မြင့်မားတဲ့ စစ်စည်းရုံးမှု  War- mobilization ဆိုတဲ့ ပုံစံမျိုးအထိ လုပ် ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်လာခြင်းဟာ  နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်လာလျှင် ဆောင်ရွက်ရခြင်းသာဖြစ် ပါတယ်။ စစ်စည်းရုံးခြင်းဆိုတဲ့ဟာတွေ ဆောင်ရွက်တဲ့အခါမှာတော့ နိုင်ငံတော်မှာ စစ်ကာလ၊ ဒါမှမဟုတ် အရေးပေါ်ကာလ ရည်မှန်းချက်များကို အောင်မြင်နိုင်ဖို့အတွက် နိုင်ငံရဲ့အရင်းအမြစ်များကို  စုစည်းတဲ့၊ ဖွဲ့စည်းတဲ့၊ အသုံးချတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ ယခုကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်သူ့စစ်မှု ထမ်း ဥပဒေထက်  မြင့်မားတဲ့ကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဥပမာ စစ်  စည်းရုံးခြင်းတွေမှာဆိုရင် နိုင်ငံရေးအရ စစ် စည်းရုံးမှုတွေ၊ စီးပွားရေးအရ စစ်စည်းရုံးမှုတွေ၊ စက်မှုလက်မှုလုပ်ငန်းများ ဆိုင်ရာ စစ်စည်းရုံးမှုတွေ ဒါကြောင့်မလို့ စစ်စည်းရုံးမှုပုံစံတွေ၊  စစ်စည်းရုံးမှု အသွင်သဏ္ဌာန်တွေနဲ့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီဟာ ဆောင်ရွက်ရခြင်းဟာ ကျွန်တော်တို့အနေနဲ့ စစ်ရေးတာဝန် တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင်ရွက်ရတာ မဟုတ်ပါဘူး။ ပြည်သူ့စစ်မဟာဗျူဟာရဲ့ သဘောမှာ  အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့အကြား အဆက်အစပ်ဆိုတာ ပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအမြဲတမ်း  တပ်မတော်နဲ့ပြည်သူတို့ရဲ့ အကြား အဆက်အစပ်ကို ပြည်သူ့စစ်မှုထမ်း ဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်ပါတယ်။

ပိုပြီးတော့ တည်မြဲစေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ဆောင်ရွက်တဲ့နေရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့်   ဖြစ်ပေါ်လာနိုင်တဲ့     အကျိုးကျေးဇူးတွေ အနေနဲ့ကတော့ စစ်ကိုဟန့် တားနိုင်တဲ့စွမ်းရည် Deterrence Power ပိုမိုပြီးရရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးရှင်းပြရလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ ကာကွယ်ရေးအင်အားနဲ့  မိမိတို့ပြည်သူလူထုရဲ့ ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အသိစွမ်းရည်တွေကို ပြသနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြသ နိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူတွေဟာ ရန်ပြုလိုစိတ်၊ စစ်နဲ့ယှဉ်ပြိုင်လိုစိတ်များ ပျောက်ကွယ်သွားလျှင် ဟန့်တားရေးမဟာ ဗျူဟာအောင်မြင်ပါတယ်။ စစ်မဖြစ်ရဘဲ ဟန့်တားရေးမဟာဗျူဟာ အောင်မြင်ခြင်း ဖြစ်ပါတယ်။ စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည် တွေရရှိလာမှာဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ကျွန်တော်တို့ ဒီနိုင်ငံတော်လုံခြုံရေးအတွက် ကြိုတင်အခြေအနေတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူအားလုံးသည် စစ်မှုထမ်းစနစ်နဲ့ အကျုံးဝင်နေတဲ့ အတွက် စစ်ဘက်အရပ်ဘက် ဆက်ဆံရေးလည်း  ပိုမိုကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အမြဲတမ်းတပ်မတော်ကို အင်အားအကြီးမားဆုံး၊   အခိုင်ခံ့ဆုံး မတည်ဆောက်ဘဲ ပြည်သူအားလုံးပါဝင်တဲ့စနစ်ကို ဖော်ဆောင်တာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေး တည်ဆောက်မှုနဲ့ ကာကွယ်ရေး တည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်း ဖြစ်ပါတယ်။   ပြီးရင် စစ်သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေ  ရရှိလာမှာဖြစ်ပါတယ်။ ပြီးရင်တော့ နိုင်ငံလုံးဆိုင်ရာ စုစည်းညီညွတ်မှုတွေ ပိုမိုတိုးတက် လာစေမှာဖြစ်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တဲ့အပြင် ကျွန်တော်တို့ နိုင်ငံရဲ့  လိုအပ်နေတဲ့   အမျိုးသားရေး စိတ်ဓာတ်၊   အမျိုးသားရေးသွေးစည်း ညီညွတ်မှု National Sovereignty ဒါတွေလည်း   တိုးမြင့်လာနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ပြောလိုတာကတော့  နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာသည် စစ်သားမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ ပြည်သူလူထု တစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။  နိုင်ငံတော်လုံခြုံရေး တာဝန်ဆိုတာသည် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မလို့ ဒီပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို  အားလုံးကဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ တာဝန် ထမ်းဆောင်ကြဖို့ ပြောကြားလိုပါတယ်။

အားလုံးကိုကျေးဇူး တင်ပါတယ်။