စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာ ကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းအနီးတို့၌ ခရီးသွားပြည်သူ အချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်နေကြောင်း သတင်း တု၊ သတင်းအမ

စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာ ကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းအနီးတို့၌ ခရီးသွားပြည်သူ အချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများလုပ်ဆောင်နေကြောင်း သတင်း တု၊ သတင်းအမှား များကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းအပေါ်တွင် ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ခရီးသွားပြည်သူ ၄၀ ဦးခန့် စစ်ဆေးမေးမြန်းရန်ဖမ်းဆီးခဲ့သည်ဟူ၍ လည်းကောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ညနေ ၃ နာရီ ခန့်မှစ၍   လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် လျက်ရှိ သည်ဟူ၍လည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှား များကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးအရ စစ်ဆေးရှာဖွေခြင်းများ လုပ်ဆောင်မှု လုံးဝ မရှိကြောင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ပုံမှန် စစ်ဆေး ခြင်းများသာ ဆောင်ရွက်လျက်ရှိကြောင်းနှင့်ပြည်သူအများ ထိတ်လန့်စေရန်အတွက် လုပ်ကြံသတင်းလွှင့် ရေးသားခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများသည် နိုင်ငံတည် ငြိမ်အေး ချမ်းမှုပျက်ပြားစေရန်၊ ပြည်သူအများ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်၍ သတင်းတု၊ သတင်းအမှားများကို အချိန်ကိုက် လှုံ့ဆော်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိ ပါသည်။