တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌  ဖေဖော်ဝါရီလ ၈  ရက်တွင် ပဲခူးခရိုင်နှင့်     တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၂၇ ဒသမ ၁၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၂၉၆၅၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၉ ရက်တွင် ပဲခူးမြို့  နာရီစင်ပန်းခြံအနီး၌  မော်လမြိုင်မြို့မှ   ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်  Dexin Calculator (၃၀) အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan AD Van (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို  အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၂၉၄-၆၅၂)ကို    ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌  ဘားအံမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်းမရှိသည့် MNZ Money Counter အလုံး(၁၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် I Zone Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ တရားမဝင်အခြားသစ်(၆ ဒသမ ၈၁၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၆-၉၆၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၄၇၆-၉၆၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၉  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၄)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Gladiator Injector Cleaner ဘူး(၄၈၀)၊ ွှ-၁၁၅ လျှပ်စစ်မီးသီးအလုံး (၇၅၀၀) အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၈၁၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး     အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တမူးမြို့ စော်ဘွားရပ်ကွက်အနီး၌      တရားမဝင်ကျွန်းသစ်  (၁ ဒသမ ၁၃၂၈)တန်နှင့် အခြားသစ် (သုည ဒသမ ၉၀၇)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်   ၈၈၃၇၅၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ  ၈  ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ  အမှုတွဲ  (၁၀)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၇၉၅၃၇၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။