၂၀၂၃ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဂျော်ဒန်အသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး ကာတာအသင်း နှစ်ကြိမ်ဆက်ချန်ပီယံဆု ဆွတ်ခူး

 

၂၀၂၃ အာရှဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဂျော်ဒန်အသင်းကို ဂိုးပြတ်အနိုင်ရရှိပြီး ကာတာအသင်း နှစ်ကြိမ်ဆက်ချန်ပီယံဆု ဆွတ်ခူး

 

ကာတာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည့်  ၂၀၂၃ အာရှဖလားပြိုင်ပွဲ   ဗိုလ်လုပွဲစဉ်အဖြစ်  အိမ်ရှင်ကာတာအသင်းနှင့်    ဂျော်ဒန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ကာတာအသင်းက ၃ ဂိုး- ၁ ဂိုး ဖြင့်ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆုကိုနှစ်ကြိမ်ဆက်ရရှိကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ဂျော်ဒန်အသင်းသည် အာရှထိပ်သီး တောင်ကိုရီးယား အသင်းကို  ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ဗိုလ်လုပွဲ အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ် ကာ ကာတာအသင်းသည်လည်း အာရှထိပ်သီး အီရန် အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကြိမ်ဆက် ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်တွင်  အိမ်ရှင်ကာတာ အသင်းက ဂျော်ဒန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ ကာ ပွဲချိန်၂၂ မိနစ်၊ ပွဲချိန် ၇၃ မိနစ်နှင့် ပွဲချိန် ၉၅ မိနစ်တို့တွင် ကာတာအသင်းက ပယ်နယ်တီ သုံးကြိမ် ကန်သွင်းခွင့်ရရှိခဲ့ရာ တိုက်စစ်မှူး အဖစ်က အမှားအယွင်းမရှိ သုံးကြိမ်စလုံး  ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျော်ဒန်အသင်း၏ တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၆၇ မိနစ်တွင်  အယ်နိုင်မက်က  သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် အာရှဖလားပြိုင်ပွဲတွင်လည်း ကာတာအသင်းသည် အာရှထိပ်သီး ဂျပန်အသင်းကိုအနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ယခုပြိုင်ပွဲတွင်လည်း ဂျော်ဒန်အသင်းကိုအနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖလား ရရှိခဲ့ခြင်းဖြစ်ကာ  ပြိုင်ပွဲတစ်လျှောက်  ရှုံးပွဲမရှိခဲ့ဘဲ တစ်ပွဲသာ သရေရလဒ်ရရှိခဲ့ကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်လုပွဲစဉ်တွင်    ကာတာအသင်းသည် ပယ်နယ်တီသုံးကြိမ်အထိရရှိခဲ့သည့်အတွက်  ပြိုင်ပွဲသမိုင်း တစ်လျှောက်  ဗိုလ်လုပွဲစဉ်တွင်  ပယ်နယ်တီသုံးကြိမ်ရရှိသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။                 

Ref;Fotmob.com