ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး လေဗာကူဆင်အသင်း ပြိုင်ပွဲစုံရှုံးပွဲ မရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့

 

ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး လေဗာကူဆင်အသင်း ပြိုင်ပွဲစုံရှုံးပွဲ မရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့

 

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၁)အဖြစ် ကစားသည့် လေဗာကူဆင်အသင်းနှင့်  ဘိုင်ယန်မြူးနစ်အသင်းတို့ ပွဲစဉ်တွင်   လေဗာကူဆင်အသင်းက  ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ပြိုင်ပွဲစုံရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကာ ဘိုင်ယန်မြူးနစ်အသင်းကိုလည်း ရမှတ်ငါးမှတ်အထိ ဖြတ်တောက်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင်    လေဗာကူဆင်အသင်းသည် အဓိက  ကစားသမားတချို့ လက်လွှတ်ထားရသော်လည်း တန်ပြန်တိုက်စစ် များမှတစ်ဆင့် အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့ကာ   ပွဲချိန်  ၁၈  မိနစ်တွင် စတန်နီဆစ်၊ ပွဲချိန် မိနစ် ၅၀ တွင် ဂရီမယ်ဒိုနှင့် ပွဲချိန် ၉၅ မိနစ်တွင် ဖရန်ပေါင်တို့က လေဗာကူဆင်အသင်းအတွက် သွင်းဂိုးများကို သွင်းယူနိုင်ပြီး ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယခုဘောလုံးရာသီ   နည်းပြဇာဗီအလွန်ဆို လက်အောက်တွင် ပုံစံကောင်းရရှိနေသည့် လေဗာကူဆင် အသင်းသည်  လက်ရှိအချိန်ထိ  ပြိုင်ပွဲစုံရှုံးပွဲမရှိသေး သည့်တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေ ပြီး ပြိုင်ပွဲစုံ ၃၁ ပွဲဆက်အနိုင်ရရှိကာ ဂျာမန်ကလပ် အသင်းများတွင် ပြိုင်ပွဲစုံ ၃၃ ပွဲဆက်ရှုံးပွဲမရှိစံချိန်တင် ထားသည့် ဘိုင်ယန်မြူးနစ်အသင်း၏စံချိန်ကို လိုက်မီ နိုင်ရန်လည်း နှစ်ပွဲသာလိုတော့ပြီး လက်ရှိအချိန်တွင် ရမှတ် ၅၅ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်လျက်ရှိကြောင်း သိရသည်။                                    

Ref:Bild.com