မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ (၆၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနား ကျင်းပ

 

မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ (၆၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ (၆၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရိပ်သာ၌ ပြုလုပ်ရာ မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကန်တော့ခံ အဘိုးအဘွားများ၊ မြို့မိမြို့ဖအလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

          ဦးစွာ မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး ဥက္ကဋ္ဌက ရိပ်သာ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘိုးအဘွားများအား ဘိုးဘွား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ဆုတောင်းမေတ္တာ ပို့သကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့မိမြို့ဖ အလှူရှင်များက တောင်ဝိုင်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ၅၀ ဦးတို့အား ဂါရဝပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။