အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဝက်စ်ဟမ်းအသင်း ၁၉၆၃ ခုနှစ်နောက်ပိုင်း အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးပြန်လည်ရရှိ

 

အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဝက်စ်ဟမ်းအသင်း ၁၉၆၃ ခုနှစ်နောက်ပိုင်း အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးပြန်လည်ရရှိ

 

လန်ဒန်ဒါဘီပွဲစဉ်အဖြစ်  ဝက်စ်ဟမ်းအသင်းနှင့် အာဆင်နယ်အသင်းတို့  ကစားသည့်ပွဲစဉ်တွင်  ဝက်စ် ဟမ်းအသင်းက ၆  ဂိုး - ဂိုးမရှိဖြင့်   ရှုံးနိမ့်ခဲ့သည့် အတွက် ၁၉၆၃ ခုနှစ်နောက်ပိုင်း အိမ်ကွင်း၌ ဂိုးပြတ် ရှုံးနိမ့်သည့် မှတ်တမ်းဆိုးတစ်ရပ်    ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ဝက်စ်ဟမ်းအသင်းသည်   အသင်းသမိုင်းတစ်လျှောက် ၁၉၆၃ ခုနှစ်  ဒီဇင်ဘာလအတွင်း ဘလက် ဘန်းအသင်းကို  အိမ်ကွင်း၌  လက်ခံကစားရာတွင် ၈ ဂိုး- ၂ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း  အိမ် ကွင်း၌  ပြိုင်ဘက်အသင်းကို  ဂိုးပြတ်ရှုံးနိမ့်ခြင်း မရှိခဲ့ဘဲ ယခုဘောလုံးရာသီမှသာ  အာဆင်နယ်အသင်း ကို ၆ ဂိုး - ဂိုးမရှိဖြင့်   ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက်  အိမ်ကွင်း၌    ဒုတိယအကြိမ်ဂိုးပြတ်ရှုံးနိမ့်သည့်  မှတ်တမ်းဆိုး တစ်ရပ်ကို ပြန်လည်ရရှိခြင်း ဖြစ်သည်။

အလားတူ   ဝက်စ်ဟမ်းအသင်းနည်းပြ     ဒေးဗစ် မိုယက်စ်သည်လည်း   ၎င်း၏ပရီးမီးယားလိဂ်ပြိုင်ပွဲ နည်းပြ သက်တမ်းတစ်လျှောက်  အိမ်ကွင်း၌  ဒုတိယမြောက်   ခြောက်ဂိုးနှင့်အထက်ရှုံးနိမ့်သည့်မှတ်တမ်း တစ်ရပ်ရရှိခဲ့ပြီး   ပထမပွဲစဉ်ကလည်း  အဲဗာတန်အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့စဉ်က အာဆင်နယ်အသင်း ကိုပင်  ၆  ဂိုး-  ၁  ဂိုးဖြင့်  ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည်  ယခုပွဲစဉ်အနိုင်ရရှိမှုကြောင့်  ၂၀၀၉  ခုနှစ်နောက်ပိုင်း  ပြိုင်ဘက်အသင်းကို ဂိုးအပြတ်ဆုံးနိုင်ပွဲ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Ref;ESPN