ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲချန်ပီယံရှစ် ဆုချီးမြှင့်ပွဲကျင်းပ

ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲချန်ပီယံရှစ် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၁၂

အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံ ကြက်တောင်ပြိုင်ပွဲ ချန်ပီယံရှစ်(Inter Club Badminton Championship 2024) ပြိုင်ပွဲ ဗိုလ်လုပွဲ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် အနော်ရထာ လမ်းရှိ အမျိုးသားကြက်တောင် အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ကြပြီး   ပြိုင်ပွဲများအပြီး  ပထမဆုရ Aung(A) အသင်း၊ ဒုတိယဆုရ  HPP အသင်း၊ ပူးတွဲတတိယဆုရ Championship(A) အသင်းနှင့် Aung(B) အသင်းတို့အား ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦး စီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူတို့က တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲ ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ၉ ရက်မှ ၁၂ ရက်အထိ ပွဲစဉ် ၂၈ ပွဲ၊ အသင်းရှစ်သင်း၊ ကလပ်များမှ ကစားသမား ၁၆၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။         

ဝန်းရံခ