လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကို ခန့်အပ်ရန်ပြင်ဆင်နေသော အသင်းများတွင် ဘာစီလိုနာအသင်းနှင့် ဘိုင်ယန်မြူးနစ ်အသင်းတို့လည်း ပါဝင်လာ

 

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကို ခန့်အပ်ရန်ပြင်ဆင်နေသော အသင်းများတွင် ဘာစီလိုနာအသင်းနှင့် ဘိုင်ယန်မြူးနစ ်အသင်းတို့လည်း ပါဝင်လာ

ယခုဘောလုံးရာသီတွင် လေဗာကူဆင်အသင်းကို ရလဒ်ကောင်းများရရှိအောင်  စွမ်းဆောင်ပေးထား နိုင်သည့် နည်းပြအလွန်ဆိုကိုခန့်အပ်ရန် ပြင်ဆင်နေ သောအသင်းများတွင် ဥရောပထိပ်တန်းအသင်းကြီးများ ဖြစ်သည့် ဘာစီလိုနာအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့လည်း ပါဝင်လာကြောင်း သိရသည်။

အသက် ၄၂ နှစ်အရွယ် နည်းပြအလွန်ဆိုသည် ၂၀၁၇ ခုနှစ်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူပြီး ပရော်ဖက်ရှင်နယ်နည်းပြဘဝကို ဆိုစီဒက်စ်အရန်အသင်းနည်းပြအဖြစ်  ၂၀၁၉ ခုနှစ်က စတင်ခဲ့ပြီးနောက် လေဗာကူဆင် အသင်းနည်းပြအဖြစ် ၂၀၂၂  ခုနှစ်  အောက်တိုဘာလက စတင်တာဝန်ယူကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြအလွန်ဆိုသည်  လေဗာကူဆင်အသင်းကို ပြီးခဲ့သည့်ဘောလုံးရာသီကလည်း  ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်သကဲ့သို့  ယခုဘောလုံး ရာသီတွင်လည်း ဥရောပတွင် ရှုံးပွဲမရှိသေးသည့်တစ် သင်းတည်းသောအသင်းအဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသူ ဖြစ်သည့်အတွက် ဥရောပထိပ်တန်းအသင်းကြီးအများစုက နည်းပြသစ်ခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်   ယခုဘောလုံးရာသီ အကုန်တွင် နည်းပြဇာဗီထွက်ခွာတော့မည်ဖြစ်သည့် အတွက် လက်ရှိအချိန်ကတည်းက နည်းပြသစ်ရှာဖွေမှုများ ပြုလုပ်နေသကဲ့သို့    ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုလက်လွှတ်ရပါက နည်းပြတူချယ်လ်နှင့်  လမ်းခွဲဖွယ်ရှိနေသည့် အခြေအနေ များကြောင့် နည်းပြသစ်အဖြစ် အလွန်ဆိုကို ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

နည်းပြအလွန်ဆိုကို ခန့်အပ်ရန် ကြိုးပမ်းနေသည့် အသင်းများတွင် ယခုဘောလုံးရာသီ အကုန်တွင် နည်းပြကလော့နှင့် လမ်းခွဲမည့်   လီဗာပူးအသင်းကလည်း နည်းပြသစ်ခန့်အပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

 

Ref;Bild.com