ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သတ်မှတ်ဂျာစီပြောင်းလဲဝတ်ဆင် အသုံးပြုသည့် ပထမဆုံး အသင်းအဖြစ် မန်ယူအသင်းမှတ်တမ်းဝင်

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် သတ်မှတ်ဂျာစီပြောင်းလဲဝတ်ဆင် အသုံးပြုသည့် ပထမဆုံး အသင်းအဖြစ် မန်ယူအသင်းမှတ်တမ်းဝင်

မန်ယူအသင်းသည်  ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက်     သတ်မှတ်ဂျာစီပြောင်းလဲဝတ်ဆင် အသုံးပြုသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အဖြစ် အက်စ်တွန်ဗီလာအသင်းနှင့်     မန်ယူအသင်းတို့ကစားသည့်ပွဲစဉ်၌ မန်ယူအသင်းသည်  ယခုဘောလုံးရာသီတွင်  အသုံးပြုသော တတိယအဝေးကွင်းဝတ်စုံကို  ဝတ်ဆင်ကစားခဲ့ရာ   အဖြူရောင်ဘောင်းဘီအစား    အနီရောင်ဘောင်းဘီကို ပြောင်းလဲဝတ်ဆင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  သတ်မှတ်ဝတ်စုံပြောင်းလဲဝတ်ဆင်သည့်   ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်း၏   ယခုဘောလုံးရာသီ  တတိယ အဝေးကွင်းဝတ်စုံသည်   အင်္ကျီအဖြူနှင့် ဘောင်းဘီအဖြူ ဖြစ်သော်လည်း  အက်စ်တွန်ဗီလာအသင်း၏ အိမ်ကွင်းဝတ်စုံသည် ဘောင်းဘီအဖြူရောင်ဖြစ်နေသည့်အတွက် မန်ယူအသင်းက  ပုံမှန်အသုံးပြုရမည့်  ဘောင်းဘီအဖြူရောင်အစား   ဘောင်းဘီအနီရောင်ကို ပြောင်းလဲအသုံးပြုခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင်    မန်ယူအသင်းသည်    အသင်းသမိုင်းတစ်လျှောက်တွင်လည်း အသုံးပြုသည့်ဂျာစီများတွင် အဖြူ ရောင်အ င်္ကျီနှင့်  အနီရောင်ဘောင်းဘီ     တစ်ကြိမ်မျှအသုံးပြုခြင်းမရှိဘဲ ၁၉၅၇  ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ်    ဘောင်းဘီအနီရောင်ကို  အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။   

Ref;Sky Sports