အင်္ဂလန်အသင်းနှင့် ဂါနာအသင်းတို့က  မန်ယူအသင်း လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးကို နိုင်ငံကိုယ်စားပြုအသင်းတွင် ခေါ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိ

 

အင်္ဂလန်အသင်းနှင့် ဂါနာအသင်းတို့က  မန်ယူအသင်း လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးကို နိုင်ငံကိုယ်စားပြုအသင်းတွင် ခေါ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိ

အင်္ဂလန်အသင်းနှင့်  ဂါနာအသင်းတို့က   ယခုဘောလုံးရာသီတွင်  မန်ယူအသင်းနှင့်အတူ  ခြေစွမ်း ပြလျက်ရှိသည့် လူငယ်ကွင်းလယ်ကစားသမား ကိုဘီမိုင်နူးကို နိုင်ငံကိုယ်စားပြုအသင်းတွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် ကိုဘီမိုင်နူးသည်  နည်းပြတန်ဟတ်၏ယုံကြည်မှုနှင့်အတူ   ယခု ဘောလုံးရာသီတွင် အသင်းကြီးနှင့်ပူးပေါင်းခွင့်ရရှိခဲ့ ပြီး  ပွဲထွက်ခွင့်ရရှိခဲ့ကာ အကောင်းဆုံးခြေစွမ်းပြနိုင် သည့်အတွက်    နောက်ပိုင်းပွဲစဉ်များတွင်    အသင်းမှ စီနီယာကစားသမားများကို ကျော်ဖြတ်ပြီး ပွဲထွက်ကစား သမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သည်။

ကိုဘီမိုင်နူးသည်  အင်္ဂလန်နိုင်ငံသားခံယူထားသူဖြစ် သော်လည်း ၎င်း၏မိဘများသည် ဂါနာနိုင်ငံသားများ ဖြစ်သည့်အတွက်   အင်္ဂလန်အသင်းနှင့် ဂါနာအသင်းတို့ မှ တစ်သင်းကို ကိုယ်စားပြုပါဝင်ခွင့်ရရှိမည် ဖြစ်သည်။

ကိုဘီမိုင်နူးသည်  အင်္ဂလန် ယူ-၁၆ အသင်း၊ ယူ-၁၈ အသင်းနှင့် ယူ-၁၉ အသင်းတို့တွင် ကစားခဲ့ဖူးသော် လည်း   လက်ရွေးစင် အသင်းတွင်   ကစားထားခြင်း မရှိသေးသည့်အတွက်  အင်္ဂလန်အသင်းကိုသာမက  ဂါနာအသင်းကိုလည်း   ကိုယ်စားပြုကစားနိုင်မည်ဖြစ်သည်။

အက်စ်တွန်ဗီလာအသင်းနှင့် မန်ယူအသင်းတို့ကစား သည့်ပွဲစဉ်ကို    အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် လာရောက် ကြည့်ရှုပြီးနောက် အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က ကိုဘီမိုင်နူးကို အင်္ဂလန်အသင်းသို့ ခေါ်ယူ ရန်ကြိုးပမ်းနေကြောင်း သိရသည်။

Ref;The Athletic