တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများတွင် ပေါ်တာဆွဲနေကြောင်း ပြည်ဖျက် ်မီဒီယာများက မဟုတ်မမှန်သတင်းအတု၊ သတင်းအမှားများအား လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေရေးသားလျက်ရှိ

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများတွင် ပေါ်တာဆွဲနေကြောင်း ပြည်ဖျက် ်မီဒီယာများက မဟုတ်မမှန်သတင်းအတု၊ သတင်းအမှားများအား လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေရေးသားလျက်ရှိ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၅

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ရွာများမှာ ပေါ်တာဆွဲနေကြောင်း၊ ဖမ်းဆီးနေကြောင်းနှင့် ငွေကြေး တတ်နိုင်သူများက ပိုက်ဆံပေးရင် ပြန်လွှတ်ပေးနေကြောင်း မဟုတ်မမှန် လုပ်ကြံ သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။ ၎င်းသတင်းများသည် မဟုတ်မမှန် ကြောင်းကို နိုင်ငံပိုင်မီဒီယာများကလည်း အခါအားလျော်စွာ သတင်းထုတ်ပြန်မှုများ ဆောင်ရွက် လျက်ရှိသည်။

 ပြည်သူများ၏ နေ့စဉ်လူမှုဘဝမှာ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှား နိုင်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးခြင်းများကို မြို့၊ ရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းဝင်  မဟုတ်သူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သူများကို စစ်ဆေးတွေ့ရှိပါက ရဲစခန်းနှင့်   သက်ဆိုင်ရာ ဌာနများသို့ ခေါ်ယူစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ခေါ် ယူစစ်ဆေးရာတွင် ဧည့်စာရင်းမတိုင်ထားသူ၊ အိမ်ထောင်စုစာရင်းဝင်မဟုတ်သူ၊ အိမ်ထောင်စု စာရင်းမပြနိုင်သည့်သူများ၊ စည်းကမ်းနှင့် မကိုက်ညီသူများကို စစ်ဆေးတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်နေပြီး အထောက်အထား ပြည့်စုံစွာ တင်ပြနိုင် သူများကိုလည်း ပြန်လည်စေလွှတ်ပေးလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသည့်သူများက အများပြည်သူ ထိတ်လန့် တုန်လှုပ် ချောက်ခြားစေရန် ရည်ရွယ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်များတွင် ပေါ်တာ ဆွဲနေကြောင်း၊ ပိုက်ဆံပေးလျှင် ပိုက်ဆံယူပြီး ပြန်လွှတ်ပေးနေကြောင်းဖြင့် သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေခြင်းအပေါ် အများပြည်သူများ သတင်းမှန်သိရှိစေရေး၊  ထိတ်လန့် ကြောက်ရွံမှုများ မဖြစ်စေရေးနှင့် လုပ်ကြံရေးသားနေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိပါသည်။